စက်သုံးဆီစျေးမြင့်တက်နေဆဲ

မော်လမြိုင်၊ မေ ၁၅

ဧပြီလက အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၈၄၀ ကျပ်သာ ရှိခဲ့ရာမှ မေလတွင် ၈၆၀ ကျပ်အထိ လည်းကောင်း၊ အောက်တိန်း 95 မှာ ကျပ် ၈၉၀ မှ ၉၁၀ အထိ စျေးနှုန်းမြင့်တက်လာသည်။

နိုင်ငံတကာ စျေးကွက်တွင် ဧပြီလ ပထမအပတ်က ရေနံစိမ်း တစ်စည်လျှင် စျေးနှုန်း ၆၉ ဒသမ ၁ ဒေါ်လာ သာ ရှိခဲ့သော်လည်း မေလတွင် ၇၄ ဒသမ ၅ ဒေါ် လာအထိ မြင့်တက်လာခဲ့သည်။

ရေနံစိမ်း စျေးနှုန်း မြင့်တက်လာခြင်းကြောင့် ပြည်ပ စက်သုံးဆီကို မှာယူ အသုံးပြုနေသည့် မြန်မာနိုင်ငံ၏ စက်သုံးဆီစျေးမှာ အကျ မရှိဘဲ ဖြစ်နေကြောင်း လုပ်ငန်းရှင်းများက ပြောသည်။

 “ဓာတ်ဆီစျေးနှုန်း ဒီရက်ပိုင်းမှာ အပြောင်းအလဲမရှိပါဘူး၊ အရင်လနဲ့စာရင် ၂၀ လောက်ပဲကွာတယ်” ဟု ရာဇာမင်းဆီဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မော်လမြိုင် စက်သုံးဆီ စျေးကွက်တွင် မေလ ဒုတိယအပတ်၌ ဖြစ်ပေါ်နေသည့် စျေးနှုန်းမှာ အောက်တိန်း 92 တစ်လီတာ လျှင် ၈၆၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၉၁၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၈၈၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၈၉၅ ကျပ် အသီးသီး ပေါက်စျေးရှိနေသည်။

“ဓာတ်ဆီစျေးတက်က ဆီထည့်တာအရင်ကနဲ့စာရင် အရနည်းသွားတာပေါ့ ခရီးဝေးသွားရင် အဆင်မပြေဘူးပေါ့” ဟု မော်လမြိုင်မြို့နေ မိစိုက်နွန်က ပြောသည်။

Written by ဂေထော 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်