မော်လမြိုင် ၊ ဇွန်

မော်လမြိုင် စက်သုံးဆီဈေးကွက်အတွင်း  စက်သုံးဆီဈေးနှုန်းများ ပြီးခဲ့သည့်သတင်းပတ်ကထက် ထပ်မံကျဆင်း သွားကြောင်းမော်လမြိုင်အခြေစိုက် စက်သုံးဆီအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

မော်လမြိုင် စက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီနှင့်ဒီဇယ်ဆီစျေးနှုန်းများသည်  မေ၁ ရက်နေ့ကစတင်ကာ  တဖြည်းဖြည်း ကျဆင်းလာခြင်း ဖြစ်သည်။

ယခုဇွန်လ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ စက်သုံးဆီစျေးမှာ ဓာတ်ဆီ 92 တစ်လီတာလျှင် ၈၃၀ ကျပ်၊ 95 တစ်လီတာလျှင် ၉၃၀ ကျပ်ဖြင့်သာရောင်းချလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၈၆၅ ကျပ်၊ 95  တစ်လီတာလျှင် တစ်လီတာလျှင် ၉၅၀ကျပ် ရှိသည်။

ဇွန်လ ၁၄ ရက်နေ့တွင် ရိုးရိုးဒီဇယ်တစ်လီတာကို ၉၅၀ကျပ်နှင့် ရောင်းချနေပြီး ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်၉၆၀ ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိသည်။

ပြီးခဲ့သည် သတင်းပတ်ကမူ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၉၇၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် ၉၈၀ ကျပ် ရှိကြောင်းသိရှိရသည်။

ရန်ကုန်စျေးကွက်တွင် ရောင်းချနေသော ဇွန်လ ၁၄ရက်နေ့စျေးနှုန်းများမှာ 92 တစ်လီတာကို ၈၀၀ ကျပ်၊ 95 တစ်လီတာလျှင် ၈၈၅ ကျပ်၊ ရိုးရိုးဒီဇယ်ဆီတစ်လီတာလျှင် ၉၀၅ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၉၁၅ ကျပ်ရှိကြောင်းရန်ကုန် စက်သုံးဆီ  စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

နိုင်ငံတကာ ရေနံဈေးကွက်တွင် အရှေ့အလယ်ပိုင်း ရေပိုင်နက်အတွင်း ရေနံတင်သဘောင်္များ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သောကြောင့် ရေနံစိမ်းတစ်စည်ကို ၆၂ ဒေါ်လာအထိ ဈေးမြင့်သွားသော်လည်း  ပြည်တွင်းစက်သုံးဆီဈေးကွက်အပေါ်သက်ရောက်မှုမရှိသေးပေ။

လဲ့လဲ့ဝင်း

Leave a Reply