Advertisements

သရုပ်ဆောင်ကျော်ထက်အောင်က တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် ” စစ်ကိုမုန်းက၍တိုက်ခဲ့သည် ” ဇာတ်ကားတင်စစ်ဗိုလ်ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

” စစ်ကားလေ့ကျင့်ရတာလည်း သွားတောင်မရိုက်ရသေးဘူး တော်တော်လေးကို ခက်ခဲမှု အပိုင်း တွေ့ပါတယ်။ သူတို့ရဲ့ ပုံစံအတိုင်း စနစ်မကျရင် အဲဒီအတွက်ပိုပြီးတော့ အလေးထားပြီးတော့ ပိုပြီးတော့ စနစ်တကျနဲ့ လေ့ကျင့်ရပါတယ်။ ကျွန်တော်ဆို ပထမတရက်ကျင့်ပြီးတော့နောက်နှစ်ရက်ဖျားသွားပါတယ်။ သေနစ်အစစ်ဆိူလည်း ဖြုတ်တပ် တာတွေလည်း အကုန်လုပ်ရတယ်။ တကယ်တော့မလွယ်ဘူး အမှန်တကယ် ပြည်တွင်းစစ်ဆိုတာရှိနေသေးလို့ ကျွန်တော်တို့ စစ်သင်တန်းဆိုမရှိဘူး။ သူများနိုင်ငံမှာလို သုံးနှစ်သွားတက်တာ ခုနှစ်နှစ်သွားတက်တာ အဲဒါမျိုးတွေရှိချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လည်း တကယ်ကိုလိုအပ်နေတာပါ။ ယောက်ကျားလေးတွေ အတွက်လိုအပ်တယ။စစ်ထဲဝင်မလားဆိုတော့လည်း ဘယ်ဟုတ်မလဲနော်။ ကျွန်တော်က စစ်ဗိုလ် ဆရာဝန်ဆိုတော့ နှစ်မျိုးလေ့ကျင့်ရတယ်။ သူတို့ရဲ့မာန်တွေကိုလေ့လာရတယ်။ စစ်ဗိုလ်ဆရာဝန်တွေရဲ့ မာန်က မတူဘူး။ သူတိုရဲ့ ရာဇမန်ကို မင်းသားမာန်ကွဲပြားအောင်ကျွန်တော်လုပ်မှာပါ။ ” ဟု ကျော်ထက်အောင်ကပြောသည်။

ကျော်ထက်အောင် လွန်ခဲ့သော ဆယ့်ငါးနှစ်ဝန်းကျင်က ” သူမွဲထသစ္စာ” ဆိုသည့် စစ်ကားတစ်ကားကိုရိုက်ခဲ့ဖူးကြောင်း ၊ ယခုအခါ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဆိုသည့် စစ်ကားကို ပါဝင်ရိုက်ကူးမည်ဖြစ်ကြောင်း စစ်သားတစ်ယောက်အသွင်ပီပြင်အောင် လေ့ကျင့်ခြင်းများပြုလုပ်ရကြောင်း သိရသည်။

Written by Hinthar Media

 

Advertisements
<

Leave a Reply