Advertisements

မော်လမြိုင် ၊ ဇူလိုင်

စစ်ဘက်၊ အရပ်ဘက်ပူးပေါင်းပြီးသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးသင်တန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ရှိကြောင်း ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဘိုဘိုဝင်းကပြောကြားသည်။

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးသင်တန်းတစ်ရပ်ကိုသံဖြူဇရပ်မြို့နယ်၊ ဝဲကလိတိုက်နယ်၊တန်းမြင့်သင်တန်းကျောင်းနှင့် မော်လမြိုင်ရှိ ပရဟိတအသင်းနှစ်သင်း၊ သံဖြူဇရပ်မှ ပရဟိတအသင်းသုံးသင်း၊  ကြက်ခြေနီအသင်းနှင့် မီးသတ်တပ်ဖွဲ့
တို့ပူးပေါင်းပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။

“ဝဲကလိတိုက်နယ်၊ တန်းမြင့်သင်တန်းကျောင်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်ဦး ကနေပြီးတော့ ဦးဆောင်ပြီးတော့ စက်ဘက်အရပ်ဘက်ကယ်ဆယ်ရေးသင်တန်းသူတို့ကဖွင့်တယ်”ဟု ကိုဘိုဘိုဝင်းကပြောသည်။

အဆိုပါသင်တန်းကို မွန်ပြည်နယ်တွင် ပထမဦးဆုံးဖွင့်လှစ်ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြုံတွေ့သည့် အခါတွင်လည်း တပ်မတော်သားများ၏အကူအညီ လိုအပ်ကြောင်း၎င်းကဆိုသည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာသည့် အခါတွင် အချိန်နှင့်တစ်ပြေးညီအန္တရာယ်လျှော့ချနိုင်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်း တစ်ခုတည်းဖြင့်မဆောင်ရွက်နိုင်ကြောင်းနှင့် တပ်မတော်အင်အားကို အများဆုံးလိုအပ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

လျှမ်းထက်

Leave a Reply