ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် စစ်ဘေးရှောင်များ စနစ်တကျ နေထိုင်နိုင်ရန် အတွက် မြိုင်ကြီးငူဒေသတွင် တဲတန်းလျား ၃၀ ခန့် ဆောက်လုပ်မည်ဖြစ်ကြောင်း လှိုင်းဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးနေလင်းထက်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

mal-ta-wall

အဆိုပါ တဲတန်းလျားများကို ကရင်ပြည်နယ်၊ မြိုင်ကြီးငူကျောင်းတိုက် စာချဆရာတော်ဦးကုသလမှ ဦးဆောင်ပြီး အလှူရှင်များ၏ ထည့်ဝင် လှူဒါန်းငွေများ ပူးပေါင်းကာ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော်တို့အခုတဲတန်းလျားကိုးလုံးဆောက်လုပ်ထားပြီးပါပြီ၊ တဲတန်းလျားဆောက်လုပ်လိုက်တော့ ကြီးကြပ်ကွပ်ကဲရတာလည်းအဆင်ပြေသွားတာပေါ့”ဟုဦးနေလင်းထက်ကဆိုသည်။

အဆိုပါ တဲတန်းလျားများကိုကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကျောက်စာကွင်း အတွင်းရှိဘောလုံးကွင်းပတ်ပတ်လည်တွင် ဆောက်လုပ်ထားကြောင်းဦးနေလင်းထက်ကရှင်းပြသည်။

တဲတန်းလျားတစ်လုံးလျှင် အရှည် ၁၈၀ပေ အကျယ်ပေ၂၀၊အကျယ် ကိုးပေရှိသောအခန်းများ ပြုလုပ် ထားသောကြောင့် အိမ်ထောင်စု နှစ်ဆယ် နေထိုင်နိုင်ကြောင်း၎င်းကရှင်းပြသည်။

ယခင်ကစစ်ဘေးရှောင်ပြည်သူများကို နှစ်နေရာခွဲထားရသော်လည်း တဲတန်းလျားဆောက်လုပ်ထားပေးပါက မိသားစုများ သိုက်သိုက်ဝန်းဝန်းဖြင့် စနစ်တကျ အဆင်ပြေပြေနေထိုင်နိုင်ပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

Leave a Reply