“ပါတီဗဟိုကော်မတီအနေနဲ့ မိမိတို့ဥက္ကဌကြီး နှင့် နာယကတို့၏ ဦးဆောင်မှုဖြင့် ပါတီ၏မူဘောင်ပေါ်လစီအတွင်း ခိုင်ခိုင်မာမာရပ်တည်ကြပြီး ဥမကွဲသိုက်မပျက်စည်းလုံးညီညွတ်စွာဖြင့် နှစ်ပေါင်း(၂၈)နှစ်ကျော်အတွင်းမှာ ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးကာလကိုဖြတ်သန်းနိုင်ခဲ့ပြီး အခုအခါ ပြည်သူတွေလိုလားတောင့်တတဲ့ စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်ကို ရောက်ရှိနိုင်ပြီဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကိုလည်းပဲ ပါတီဥက္ကဌကြီး၏ ကိုယ်တိုင်ခေါင်းဆောင်မှုဖြင့် အကောင်အထည်ဖော်နေခြင်းမှာ မေတ္တာသစ္စာနှင့် ခွင့်ခြင်းတို့၏ ပုံရိပ်များပင်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ပုံရိပ်ဆိုးများ သံသရာလည်ရာမှ အေးအေးဆေးဆေး ဂုဏ်သိက္ခာရှိစွာ ပေါ်ထွန်းနိုင်ရန် ကြိုးပမ်းဖို့လည်းဖြစ်ပါတယ်။

ပါတီဥက္ကဌကြီးရဲ့ မိန့်ခွန်းမှာလည်း မိမိတို့၏ရည်မှန်းချက်များကို ဖော်ဆောင်ပေးမည့် တစ်ခုတည်းသော လမ်းကြောင်းဟာလည်း ငြိမ်းချမ်းရေးလမ်းကြောင်းသာဖြစ်ကြောင်း ဒီလမ်းကြောင်း၏ မျှော်လင့်ချက်များ သံန္နိဌာန်များ နှင့် အတူ လျှောက်လှမ်းသွားရမှာဖြစ်လာတယ်လို့ လေးလေးနက်နက်မှာကြားချင်ပါတယ်။”လို့ ဦးတင်ဦးက NLD ပထမဗဟိုကော်မတီ ဆဌမအကြိမ်အစည်းအဝေးတွင် ပြောကြားသွားတာဖြစ်ပါတယ်။

ရိုက်ကူး-ဆုမင်းကို

Leave a Reply