မော်လမြိုင်၊ အောက်တိုဘာ ။ ။မွန်ပြည်နယ် ဝန်ကြီးဌာန သုံးခုကို ပူးတွဲတာဝန် ယူထားသည့် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေး ရန် အခက်အခဲများ ရှိနေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

MMO

ကနဦးအနေဖြင့် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးမည့် လူပုဂ္ဂိုလ်ကို ရွေးချယ်ထား သော်လည်း လွှတ်တော်နှင့် အစိုရအဖွဲ့အတွင်း နားလည်မှုများ လွဲနေခြင်းကြောင့် ထပ်မံ နောက်ဆုတ်ထား ကြောင်း ၎င်းက ပြောကြားသည်။

“အစီအစဉ် မရှိသေးပါဘူး၊ ပြဿနာတွေ ထပ်ထွက်လာနိုင်တယ်၊ မဖြစ်သင့်တဲ့ အသံတွေပါ ထပ်ထွက်လာတယ်၊ အစ်ကိုက တော်တော်လေးကို ရည်ရွယ်ထားတယ်၊ နောက်ဆက်တွဲတွေက သိပ်မကောင်းလို့ ဘာမှမပြောသေးတာပါ”ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် စည်ပင်သာယာရေးှနှင့် ဆောက်လုပ်ဝန်ကြီးဌာနကို လွှဲပြောင်းပေးလိုက်ပါက မလိုလားအပ်သည့် ပြဿနာများ ထွက်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ မွန်ပြည်နယ်
ဆောက်လုပ်ရေး ဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူ ကိုင်တွယ်နေရသည့်အတွက် အခက်အခဲများနှင့် အလုပ်တာ
ဝန်ကြီးလေး မှုများရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ က တိုက်ရိုက်ခန့်အပ်
ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ကိုမူ ဝန်ကြီးချုပ်က ရွေးချယ်ခန့်အပ်ရသည်။

အဆိုပါ အစိုးရအဖွဲ့စတင် ဖွဲ့စည်းစဉ်က မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့်စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများကို ပူးတွဲကိုင်ရခြင်းသည့် ဝန်ကြီး ဌာနများကို ပါတီမူဝါဒအရ လျှော့ချဖွဲ့စည်း
ချင်သည့်အတွက်ကြောင့် ပူးတွဲတာဝန် ထမ်းဆောင်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်
ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဆိုသည်။

အဆိုပါ ဝန်ကြီးနေရာကို မည်သည့်အချိန်တွင် လွှဲပြောင်းခန့်အပ်မည်ကို အတိအကျမပြောလိုကြောင်း ၎င်းကဆိုသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့တွင်မွန်ပြည်နယ်ဝန်ကြီးချုပ်(စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေး ဝန်ကြီဌာန)၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး၊ လူမှုရေးဝန်ကြီး၊အပါအဝင် ဝန်ကြီးဌာန ၇ခုဖြင့်ဖွဲ့စည်းထားသည်။

တိုင်းနှင့်ပြည်နယ် ၁၄ခုအနက် မွန်ပြည်နယ်တွင် ဝန်ကြီးချုပ် တာဝန်အပြင်
စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားသည်။

Leave a Reply