အေဂျင်စီတစ်ခု၏စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်သူများကိုတွေ့ရစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ။ ။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့အနေဖြင့် သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခဲ့သည့်အတွက် အေဂျင်စီ ၁၃ခုကို လိုင်စင်ရုတ်သိမ်းခဲ့ပြီး ၄ခုကို အရေးယူခြင်းများ ဆောင်ရွက်ထားသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက ပြောသည်။

အေဂျင်စီတစ်ခု၏စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်သူများကိုတွေ့ရစဉ်။
အေဂျင်စီတစ်ခု၏စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်သူများကိုတွေ့ရစဉ်။

“လိုင်စင်ရုတ်သိမ်းထားတဲ့ အေဂျင်စီကိုမရှင်းမှာစိုးလို့ အမှုကျုးလွန်တဲ့အပေါ်မူတည်ပြီးတော့မှ အခြေခံ သတ် မှတ်ချက်နဲ့ လိုင်စင် ရုတ်သိမ်းထားတယ်၊ ၁ နှစ်၊ ၂ နှစ် တစ်ချို့ဆို ငါးနှစ် ရှိတာပေါ့၊ အမှုစစ်နေတာ လောလော ဆယ် လေးခုရှိတယ်”ဟု ဝန်ကြီးက အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကို ဖြေကြားသည်။

ပထမဆုံးအကြိမ်ဆိုပါက အရေးယူခြင်းမရှိပဲ သတိပေးအဆင့်သာ ဆောင်ရွက်ထားပြီး သတိပေးခံထားရသည့် အေဂျင်စီ များစွာရှိကြောင်းလည်း ဝန်ကြီးကဆိုသည်။

“သူတို့လုပ်ရမယ်ဆိုတဲ့ လုပ်ငန်းမှာ အမှန်တကယ်မလုပ်ရတာ မှားယွင်းတာမျိုးရှိတယ်၊ အမှန်တကယ် အလုပ် ခေါ် စာတွေက အတုတွေဖြစ်တယ်၊ ငွေကြေးတွေ ပြသနာဖြစ်ရင် လိုက်လံဖြေရှင်းခြင်း မရှိဘူး၊ ကြားပွဲစားတွေ ကတဆင့် သူတို့စုထားတာမျိုးနဲ့ ပို့တယ်၊ ဒါတွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်းဖောက်ဖျက်တာပါပဲ” ဟု ဝန်ကြီး ဦးသိမ်းဆွေက ပြောသည်။

နိုင်ငံတွင်း ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်းငန်းစဉ် ဆောင်ရွက် လျှက်ရှိသည့် အေဂျင်စီ ၂၄၆ ရှိပြီး ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ် သည့် အေဂျင်စီ ၇၄ ရှိကာ ယင်းတို့ထဲမှ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ထိ လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံရသည့် အေဂျင်စီ ၃၄ ခုရှိကြောင်းလည်း ဝန်ကြီးဌာနမှ သိရသည်။

Written by ကိုပေါက်

Leave a Reply