Advertisements

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင် ကမ်းနားလမ်း၌ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများကို ဒေသန္တရအမိန့် ထုတ်ပြန်၍ အရေးယူတော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

အမှိုက်စွန့်ပစ်မှုများကို စည်ပင်ဥပဒေအရ အရေးယူဆောင်ရွက်နိုင်သော်လည်း ထိရောက်မှု မရှိသောကြောင့် ဒေသန္တရ အမိန့်ထုတ်ပြန်၍ ထိထိရောက်ရောက် အရေးယူရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

“စည်ပင်ဥပဒေနဲ့ အရေးယူလို့လည်း ရတယ်၊ ဒါပေမဲ့ သီးခြားအနေနဲ့လည်း ဒေသန္တရ အမိန့် ထုတ်ပြန် ပြီးတော့ အရေးယူသွားဖို့လည်း ရှိပါတယ်၊ စည်ပင်ဥပဒေက သိပ်မပြင်းတော့ လူတွေသိပ်ဂရုမစိုက်ကြဘူး၊ ပိုက်ဆံ သုံး လေးသောင်းလောက်နဲ့ ဆိုတော့လေ”ဟု ၎င်းက ပြောသည်။

စည်းကမ်းမဲ့ အမှိုက်စွန့််ပစ်မှုများကို ဒဏ်ငွေ ကျပ် သုံး သိန်းနှင့် ထောင်ဒဏ် တစ်လအထိ ချမှတ်နိုင်သော အမိန့်ကို ထုတ်ပြန်သွားဖို့ ရှိသည်ဟု ဝန်ကြီးက ဆိုသည်။

မော်လမြိုင် ကမ်းနားလမ်းသည် မြန်မာနိုင်ငံတွင် အရှည်ဆုံးကမ်းနားလမ်းဖြစ်သောကြောင့် ကမ်းနားလမ်းတစ်လျှောက်ကို ပြန်လည် အဆင့်မြှင့်တင်မည်ဖြစ်ပြီး အမှိုက်စွန့်ပစ်မှုများကိုလည်း စောင့်ကြည့်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုအခါ အမှိုက်စွန့်ပစ်ရန်အတွက် ညနေဘက်တွင် အမှိုက်ကားများ ထားပေးသော်လည်း အနည်းငယ်သာ လျော့နည်းသွားပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေသေးကြောင်း ၎င်းက ပြောဆိုသည်။

ကမ်းနားလမ်းတွင် အမှိုက်ပုံးနှင့် အမှိုက်ကားများ ထားရှိသော်လည်း ပြည်သူ့တစ်ချို့သည် ပူးပေါင်းပါဝင်မှု အားနည်းနေသောကြောင့် ထိရောက်စွာ အရေးယူမှု၊ စောင့်ကြည့်မှုများ လုပ်ဆောင်သင့်ကြောင်း မော်လမြိုင်မြို့ ဒေသခံ ကိုမျိုးမင်းဦးက ပြောကြားသည်။

“အရေးယူတာတော့ လုပ်သင့်တယ်၊ ဒါပေမဲ့ ဆိုင်းဘုတ်ထောင်တာတို့၊ စာကပ်တာတို့ လုပ်တာထက်၊ စောင့်ကြည့်ပြီးတော့ ထိထိရောက်ရောက်ကို အရေးယူနိုင်ရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အမှိုက်များကို နံနက်စောစောအချိန်နှင့် ညဉ့်နက်ပိုင်းများတွင် စည်းကမ်းမဲ့ လာရောက်စွန့်ပစ်မှုများ ရှိနေကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply