ကယ်လီဖိုးနီးယား မေ ၂၈

ကမ္ဘာကျော် ဟီးရိုးဇာတ်ကောင်တွေကို ရေးဆွဲတဲ့ ကာတွန်းဆရာကြီး စတန်းလီရဲ့ မန်နေဂျာဟောင်းဖြစ်သူဟာ ကာတွန်းစာအုပ်ရောင်းရငွေတွေကို အလွဲသုံးစားလုပ်မှုနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က အဖမ်းခံလိုက်ရပါတယ်။

မန်နေဂျာဟောင်းဟာ လော့အိန်ဂျလိစ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အချုပ်ထဲမှာ စစ်ဆေးနေပါတယ်။

သူဟာ စတန်းလီရဲ့ စာအုပ်ဖိုးတွေနဲ့ မူပိုင်ခွင့်ကြောင့် ရလာမယ့် ငွေကြေးတွေကို အလွဲသုံးစားလုပ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းရတာကြောင့် ဖမ်းဆီးခဲ့တာပါ။ လက်ရှိမှာတော့ မန်နေဂျာ ကီရာမော်ဂန်ဟာ စတန်းလီရဲ့ မန်နေဂျာအဖြစ် လုပ်ကိုင်နေခြင်းမရှိတော့ပါဘူး။

သူယူဆောင်သွားတဲ့ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၂၆၂,၀၀၀ ရှိပြီး ဒီငွေတွေကို လက်ခံရရှိတယ်ဆိုတာ စတန်းလီက လုံးဝ မသိခဲ့ပါဘူး။

စာအုပ်ထုတ်ဝေသူတွေက မန်နေဂျာကနေတစ်ဆင့်ပေးအပ်တဲ့ငွေေကြေးတွေကို တစ်ဖက်လှည့်နဲ့ အလွဲသုံးစား ပြုခဲ့တာ ဖြစ်ပါတယ်။

မစ္စတာလီက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၄၀ လောက် ဝင်ငွေရှိနေတာမို့ မန်နေဂျာက မသိသာလောက်တဲ့ ပမာဏနည်းနည်းစီကို ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ ငွေပေးအပ်သူတွေ တိုင်ကြားခဲ့လို့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

မော်ဂန်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လလောက်ကတည်းက အသက် ၉၅နှစ်ရှိပြီဖြစ်တဲ့ စတန်းလီဆီကနေ အလုပ်ထွက်ပြီး ကိုယ်ပိုင် ကွန်ဒိုတစ်ခန်းကို ရုတ်တရက် ဝယ်ခဲ့ပါသေးတယ်။

ဒီအကြောင်းအရာကို စတန်းလီရဲ့ရှေ့နေက စုံစမ်းသိခဲ့ပြီး နောက်ဆက်တွဲအမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စတန်းလီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ကွယ်လွန်ခဲ့ပါပြီ။ ကျန်ရစ်သူမိသားစုအတွက် ဆက်ခံခွင့်တွေကို စီမံရင်း ငွေကြေးစိစစ်မှုတွေ လုပ်နိုင်ခဲ့ရာကနေ အလွဲသုံးစားမှုကြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Ref: CNBC

Leave a Reply