မွန်ပြည်နယ်အတွင်းရှိ ၂၃နှစ်အောက် ကလပ်အသင်းပေါင်းစုံဘောလုံးပြိုင်ပွဲကိုစက်တင်ဘာလ ၂၀ရက်နေ့မှစတင်၍ ရာမညအားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

logo-copy

“မွန်ပြည်နယ် ဘောလုံးအဆင့်အတန်းတိုးတက်မြင့်မားစေဖို့ နိုင်ငံလက်ရွေးစင်မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့နဲ့ လူငယ်တွေအားကစားကိုစိတ်ပါဝင်စားလာစေဖို့ပါ”ဟုဦးခင်ဇော်ကဆိုသည်။

ပြိုင်ပွဲဝင်လိုသောကလပ်အသင်းသည်အသင်းဝင်ကြေးငါးသောင်းကျပ်ဖြင့် ပြည်နယ် အားကစားရုံးသို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါပြိုင်ပွဲကိုဆုကြေးများအဖြစ် ပထမဆုငါးသိန်းကျပ်၊ ဒုတိယဆုသုံးသိန်းကျပ်နှင့် ပူးတွဲတတိယဆုကို နှစ်သိန်းချီးမြှင့်သွားမည်ဖြစ်ကြောင်းဦးခင်ဇော်ကဆိုသည်။

ပြိုင်ပွဲတွင် ထူးချွန်သောအားကစားသမားများကို ပြည်နယ်လက်ရွေးစင် အဖြစ်ရွေးချယ်ပြီး မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲများတွင်လည်းဝင်ရောက်ကစားနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးကြောင်းဦးခင်ဇော်ကရှင်းပြသည်။

ယခင်နှစ်များတွင် ပြိုင်ပွဲဝင်အသင်း၁၆သင်းဝင်ရောက်ယှဉ်ပြိုင်ကစားပြီးယခုနှစ်တွင် လာရောက် စာရင်းပေးသွင်းသည့်အပေါ်မူတည်၍ ပြိုင်ပွဲကိုကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Leave a Reply