(ဓါတ်ပုံအညွှန်း – မွန်ပြည်နယ် ပေါင်မြို ့နယ်ရှိ လယ်ယာ လုပ်ငန်းခွင်အား မြင်တွေ့ရစဉ်)

မွန်ပြည်နယ်တွင် စပါးစျေးနှုန်း ခြောက်သိန်းခန့် ဖြစ်နေသော်လည်း အလုပ်သမား ရှားပါးမှုကြောင့် စပါး ရိတ်သိမ်းချိန်တွင် အလုပ်သမား အခက်အခဲများ ရှိနေ သည်ဟု ပေါင်မြို့နယ် မုတ္တမ ကျွဲခြံ ကျေးရွာရှိ လယ်ပိုင်ရှင် များထံမှ သိရသည်။

“ကိုယ့်နယ်က လူတွေက ယိုးဒယား သွားပြီး အလုပ် သွားလုပ် ကြတော့ စပါး ရိတ်သိမ်းချိန် ရောက်ရင် အလုပ်သမားက မရှိတော့ဘူး၊ ဒီဒေသက လူတွေ မရှိလို့ တခြားနယ်က လူတွေကို ခေါ်ပြီး လုပ်ကိုင် နေရတယ်”ဟု လယ်ပိုင်ရှင် ဦးကျော်စိုးဝင်းက ပြောသည်။

(ဓါတ်ပုံအညွှန်း  – မွန်ပြည်နယ် ပေါင်မြို ့နယ်ရှိ  လယ်ယာ လုပ်ငန်းခွင်အား မြင်တွေ့ရစဉ်)
(ဓါတ်ပုံအညွှန်း – မွန်ပြည်နယ် ပေါင်မြို ့နယ်ရှိ လယ်ယာ လုပ်ငန်းခွင်အား မြင်တွေ့ရစဉ်)

ယမန်နှစ်က တစ်ဧကလျှင် စပါးရိတ်သိမ်းခ ၂၇၀၀၀ ကျပ်ခန့်သာ ပေးရပြီး၊ ယခုနှစ်တွင် တစ်ဧကကျပ် ၃၅၀၀၀ ပေးနေရကြောင်း၊ အလုပ်သမား အခကြေးငွေ မြင့်တက် နေပြီး အလုပ်သမား ရှားပါး၍ လယ်ယာမြေကို စွန့်လွှတ်ရမှာ ကြောက်သည့်အတွက် လယ်လုပ်နေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စပါးစျေးနှုန်း အတက်အကျကို ကြည့်နေလို့မရတော့ဘူး၊ စပါးစျေးဘယ်လောက်ရရ ရောင်းရတော့မယ်၊ အလုပ်သမား အတွက် အခကြေးငွေပေးဖို့နဲ့ အမတော်ကြေးပြန်ဆပ်ဖို့ စပါးရောင်းရမှာဖြစ်တယ်”ဟု လယ်ပိုင်ရှင် ဦးဝင်းဆွေက ဆိုသည်။

လက်ရှိ စပါးပေါက်စျေးသည် ပေါ်ဆန်းစပါး တင်းတစ်ရာလျှင် ၆၅၀၀၀၀ ကျပ်၊ ကမာကြည်စပါး တင်းတစ်ရာလျှင် ၆၃၀၀၀၀ ကျပ်နှင့် ကလင်စပါး တင်းတစ်ရာလျှင် ၆၀၀၀၀၀ ကျပ်ရှိကြောင်း လယ်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့နယ်မှာက ဒီလိုရာသီချိန်ရောက်ရင် အလုပ်နည်းနည်းပါးတယ်၊ မိသားစုအဆင်ပြေဖို့ ဒီမှာအလုပ်လုပ်နေရတာ ဖြစ်တယ်”ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ လာရောက်အလုပ်လုပ်သူ အလုပ်သမားတစ်ဦးက ပြောသည်။

Leave a Reply