မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၅ ။ ။ စပါးအဝယ်ဒိုင် အချို့စပါး ဟောင်းဝယ်လှောင်မှု ကြောင့်မွန်ပြည်နယ် တစ်ဝန်းထွက် ရှိသည့် ဆန်အမျိုးအစား များ တစ်အိတ်လျှင် နှစ်ထောင် ကျပ်နီးပါးမြင့် တက်လျက်ရှိကြောင်း မော်လမြိုင် ၊ ဈေးကြိုဝင်းအတွင်းရှိ ဆန်ပွဲရုံပိုင်ရှင်များက ပြောကြားသည်။

rice
“စပါးသိုလှောင်သမားတွေက ဈေးကြီးပေးပြီးဝယ်တာ ဥပမာခုနှစ်သိန်းလောက်ပေါက်မယ်ဆိုရင် သူတို့က ခုနှစ်သိန်းသုံးသောင်း လည်းသူပေးချင်ပေးတယ်၊ ခုနှစ်သိန်းခွဲလည်းသူပေး ချင်ပေးတယ်။ နေ့စဉ် ဆန်ကြိတ် သမားတွေ ကျတော့ ဒီစျေးကိုလိုက်မပေးနိုင်ဘူး အဲတော့ လှောင်သမားတွေက စျေးပိုပေးတော့ စျေးမြင့်သွား တာပေါ့”ဟု ဆန်ပွဲရုံပိုင်ရှင် တစ်ဦးက ပြောသည်။

သထုံမြို့နှင့် ဇင်းကျိုက်မြို့ တို့မှ တင်ပို့သော ကမာကြည် နှင့် ကောက်ကြီးဆန် များမှာ တစ်အိတ်လျှင် ၂၀၀၀၀ကျပ်မှ ၂၁၅၀၀ ကျပ် အထိမြင့်တက်နေပြီး ကမာဝက်မြို့ ဘက်မှလာသော ကမာကြည် နှင့် ကောက်ကြီးဆန်များမှာ တစ်အိတ်လျှင် ၂၁၀၀၀ မှ ၂၃၀၀၀ ထိမြင့်တက်သွားကြောင်း မော်လမြိုင်မြို့ ဆန်စျေးကွက် အတွင်းမှ သိရသည်။

မွန်ပြည်နယ် သထုံမြို့နှင့် ဇင်းကျိုက်မြို့တို့မှ တင်ပို့သော ဆန်ကြမ်းးစျေးနှုန်းများမှာ လက်ရှိ အချိန်တွင် တစ်အိတ်လျှင် ၁၉၅၀၀ကျပ် မှ ၂၀၀၀၀ကျပ် ဝန်းကျင်ခန့်၊ဆန်ချော စျေးနှုန်းများမှာ ၂၄၀၀၀ကျပ်မှ ၂၆၀၀၀ ဝန်းကျင်ခန့်အထိ ရှိကြောင်း အဆိုပါ စျေးကွက်အတွင်းမှသိရှိရသည်။

ရန်ကုန်နှင့် အခြားမြို့များမှ မှာယူတင်သွင်းသော ပုသိမ်ဆန် ဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းတွင်သာ ရှိကြောင်း မော်လမြိုင် စျေးကြိုပွဲရုံ ပိုင်ရှင်များက ပြောသည်။

Leave a Reply