ဗုဒ္ဓ ဘာသာများကတန်ခိုးကြီးဆုတောင်းပြည့်သည်ဟု ယုံကြည်သော ကျိုက်ထီးရိုး ဘုရားမှာ ခေတ်ဆက်ဆက် ကြီးစိုးထားသူတို့ကြောင့် ပြဿနာ များစွာ ရှိနေသည် ။
ဘုရား ဖူးများ သွား ရောက် ချိန်တွင် အဆင်မပြေမှု စိတ်မချမ်း မြေ့မှုများ နှင့် ကြုံရသည် မှာ နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီ ဖြစ်သည်။
ယင်းပြဿနာ အချို့က ကျိုက်ထီး ရိုး ဘုရားကို လာရောက် ဖူးမျှော်သူ များကို စိတ်ပျက်လက်ပျက်ဖြင့်အိမ် ပြန်စေ ခဲ့သည်။

ကျိုက်ထီးရိုးစေတီတော်တွင် အမှိုက်စွန့်ပစ်မှု စနစ်တကျမရှိခြင်း၊ ပတ်ဝန်းကျင် ညစ်ညစ် မှုများ ဖြစ်ပေါ်နေခြင်း၊ ဘုရားဖူးဧည့်သည်များ စည်ကားသည့်ကာလအတွင် ဝန်ဆောင်မှုမရှိဘဲ ဟိုတယ်၊ တည်းခိုခန်းများ ဈေးနှုန်း အလွန်မြင့်တက်ခြင်း၊ အစားအသောက်များ တန်ရာတန်ကြေးထက် ဈေးကြီးခြင်း ကိစ္စ များ အလှူခံများ ကို ကန်ထရိုက် ပေး ကောက်ခံ စေခြင်း ပြဿနာ များ က ကျိုက်ထီးရိုး ဘုရားတွင် အမြစ် တွယ် နေသည်။ kyait htoo

ထိုပြဿနာ များကို ကိုဖြေရှင်း ရန် ၊ကျိုက်ထီးရိုး ဘုရား တွင် အမြစ်တွယ်နေသော ပြဿနာ ပြောင်းလဲ ရန် ပြည်ထောင်စု အစိုးရ ကိုယ်တိုင်ပြင်ဆင်နေလေပြီ ။

စလုံးရေစ ကျိုက် ထီးရိုး ဘုရား ပြောင်းလဲရေး ကိစ္စ မှာအောင်မြင်မြင်လော။
သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင်ကမှု ကျိုက်ထီးရိုးတွင် အမြစ်တွယ်နေသော ပြဿနာ များကို အခြေခံမှ စ ပြင်ဆင်ရန် ဂေါပကဖွဲ့ ကို ပြန်လည် ဖွဲ့ ရေးအားထုတ်နေလေပြီ။

နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရုံးတွင် ဇွန်လ ၂၇ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုုင်းအစည်းအဝေးတွင် သူရဦးအောင်ကိုက ဂေါပက အဖွဲ့ စည်းမျဉ်း များ ပြန်လည်ရေးဆွဲ ပြီး အသစ်ပြန်ရွေးရန် ညွန်ကြား ခဲ့သည်။

ထို့အပြင် ကျိုက်ထီးရိုး ဘုရား တွင်ဖြစ်ပေါ် နေသော ပြဿနာ များနှင့် ပတ်သက်၍ လည်း “”ဒါတွေအားလုံးကို ခြုံကြည့်လိုက်ရင် လက်ရှိ ကျိုက်ထီးရိုးဂေါပကအဖွဲ့ရဲ့ အားနည်းချက်လို ဖြစ်ပါတယ်” သူရဦးအောင်ကို က မှတ်ချက်ပြုသည်။

ပြောင်းလဲရေး အစဂေါပက အဖွဲ့က

ယခု လက်ရှိ ဂေါပက အဖွဲ့ ယာယီဂေါပက အဖြစ်ပြောင်းလဲကာ ဂေါပက အသစ်ပြန်လည် ဖွဲ့စည်းရန် သူရဦး အောင်ကိုကညွန် ကြားခဲ့သည်။

ဂေါပကအခြေခံစည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များကို အမြန်ဆုံးရေးဆွဲကာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း လည်း၎င်း ကဆိုသည်။

အသစ်ပြန်လည်ဖွဲ့စည်းမည့် ဂေါပကအဖွဲ့တွင်မူ သက်ဆိုင်ရာ ပညာရှင်များနှင့် သမာအာဇီဝကျကျ အသက်မွေး ဝမ်း ကျောင်းပြုသူများအား ပါဝင်ဖွဲ့စည်းသွားမည်ဟုလည်း သူရဦးအောင်ကိုက ဆိုသည်။

အသစ်ပြန်လည်ဖွဲ့စည်းမည့်ဂေါပက အဖွဲ့ကို အဖွဲ့ဝင်(၁၅)ဦး ပြန်ဖွဲ့ရန် စီစဉ်ထားပြီး အစိုးရအဖွဲ့ကရွေးချယ်သူ ငါး ဦး ၊ မြိုခံ ၁၀ ဦးဖြင့် ပြန်လည်ပြင်ဆင် ဖွဲ ့စည်းဆောင်ရွက် သွား ရန်ရှိကြောင်း ၎င်းကဆိုသည်။

“ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အတွက်ကိုလည်း သစ်တော်ပညာရှင် အငြိမ်း စား ပါဝင်ဖို့ သင့်တယ်။ နောက်ပြီးတော့ စေတီတော်ကြီးရဲ့ ရင်ပြင်အဆောက်အဦတွေ ကြံ့ခိုင်ဖို့၊ လျှပ်စစ်ဓာတ် အား လိုင်းတွေ အန္တရာယ်ကင်းစေဖို့၊ အဆောက်အဦတွေ မြို့ပြသို့ လျှပ်စစ် အငြိမ်းစားအင်ဂျင်နီယာတွေလည်း ပါဖို့သင့်ပါတယ်။ တစ်ခါ ငွေစာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ အငြိမ်းစား ငွေစာရင်းအရာရှိများလည်း ပါဖို့ သင့်တယ် ” ဟု သူရဦးအောင်ကိုက မီဒီယာများကို ပြောကြားထားသည်။

သူရဦးအောင်ကို အဆိုပါ ဂေါပက အဖွဲ့ အသစ်ပြန် ဖွဲ့ခြင်း လုပ်ငန်းကို တလ အတွင်းပြီးအောင် ဆောင်ရွက် ညွန်ခဲ့သည်။

သို့သော် ကျိုက်ထီးရိုး လက်ရှိ ဂေါပက အဖွဲ့ ကမှု မည့်သည့် အချိန် တွင် အပြီး သတ်ဖွဲ့စည်း မည်ကို မသိ ကြောင်း တုန့်ပြန် ပြောဆိုသည်။

“သူတို့က အစည်းအဝေးပွဲမှာ ပြောသွားတာတော့ တစ်လ အတွင်း ပြန်ဖွဲ့စည်းမယ့်ပေါ့နော် အခုကတော့ လက်ရှိ ဂေါပကကို ယာယီအဖြစ် ပြန်ထားထားတာပေါ့ အတိအကျ ဘယ်အချိန်ဖွဲ့စည်းပြီးမှာလဲဆိုတော့မသိသေးဘူး “ဟု ဂေါပကအတွင်းရေးမှူး ဦးသိန်းမြင့်ကပြောသည်။

ယင်းဂေါပက အဖွဲ့ အသစ်ဖွဲ့စည်း ပြီး သမာသမတ်ကျ သော သူများ ပါဝင် လာမည်ဆိုပါက အတင်း အကြပ် အလှူခံ ကောက်ခံ ခြင်း ၊ အစား သောက်ဈေးနှုန်း ကြီးမြင့် မှုများ ပပျောက်သွား နိုင်ကြောင်း ကျိုက်ထို မြို့ ခံ တစ်ဦး ကဆိုသည်။

လက်ရှိ ယာယီဂေါအဖွဲ့ တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး ကျိုက်ထို မြိုခံရပ်ကျေးကော်မတီ မှတဆင့် မဲပေးရွေးချယ် ခဲ့ ခြင်း ဖြစ်သည်။

ယင်း ဂေါပကအဖွဲ့ ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်ခန့်ရွေးချယ်ခဲ့ပြီး ၊ ငါးနှစ်သက်တမ်း သတ်မှတ် ခဲ့ကာ ယခုအစိုးရသစ်လက်ထက်တွင် မည်သို့ဆောင်ရွက်မည်ကို မသိရှိကြောင်း ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးသိန်းမြင့်ကိုသည်။

အဆိုပါ ဂေါပက အဖွဲ့ ရွေးချယ်မှုတွင် ကျိုက်ထိုမြို့နယ် ရှိ ရပ်ကွက်ကျေးရွာ များတွင် ကော်မတီ များ ဖွဲ့စည်း ကာ မဲပေးရွေးချယ်ခဲ့ ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သို့ မဲအများဆုံးရသူက လျောက်လွှ ပြန်ကာ ပြန်လည်စီစစ် သည့် စနစ် ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကလျောက်လွှာ တင်သူများ အနက် ပြန်လည်စီစစ်ပြီး မဲအများဆုံး ၁၅ ဦးနှင့် အရံ ၅ ဦး ပြန်လည်ရွေးချယ်ပြီး ဥက္ကဋ္ဌ ၊ဘဏ္ဍာရေးမှူး ၊အတွင်းရေးမှူး တို့သတ်မှတ်တာဝန်ပေးခြင်း စနစ် ဖြင့် ခန့်အပ်ခဲ့ခြင်း လည်းဖြစ်သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က မှု ယင်းဂေါပက အဖွဲ့ကို အသစ်ပြန် ရွေးချယ်ရေး အကောင်းဆုံးနည်းလမ်းဟုပြောဆိုသည်။

“စေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟု သူကဆိုသည်။

အမြန်ရှင်းရမည့် အတင်းအကြပ်အလှုခံ

ကျိုက်ထီးရိုး ဘုရားတွင် ဖြစ်ပေါ်နေသော နောက်ထပ် ပြဿနာ တစ်ရပ်မှာ ကန်ထရိုက်ပေးထားသော ရည်မှန်း ချက် (Target) ပြည့်မှီရေး ဆောင်ရွက်နေသည့် အတင်းအကြပ် အလှူခံ ကိစ္စဖြစ်သည်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ အလှူခံများ တစ်နေရာချင်းစီအလိုက် ကန်ထရိုက်ဆွဲကာ ဘုရားဖူးပြည်သူများဆီမှ အလှူငွေ အတင်းအကျပ်ကောက်ခံမှုများ ရှိကြောင်း ယင်းကိစ္စ ကို စစီစစ်၍ အမြန်ဆုံး ဖြေရှင်းရန် လိုကြောင်း သူရဦးအောင်ကို ပြောဆိုသည်။

ထို့အပြင် ယင်းအလှူများသည် အဓမ္မ လှူဒါန်းခိုင်းမှုများ ရှိကြောင်း တိုင်စာ အများ ဆုံးရောက် သည် ဟု သူရဦးအောင်ကို ကပြောကြားသည်။

“အဓမ္မ အလှူခံ ခိုင်းတဲ့ကိစ္စ ထပ်မံမပေါ်ဖောက်ဖို့ ပြည်နယ်အစိုးရ က တာဝန်ယူ စီစစ်လုပ်ဆောင်ရမယ်” ဟုသူရဦးအောင်ကို ကညွန်ကြားထားသည်။

ယင်းကိစ္စ နှင့် ပတ်သက်၍ လက်ရှိ ကျိုက်ထီးရိုးဘုရား ယာယီ ဂေါပက ကမှု “ အလှူခံကိစ္စတွေနဲ့ ပက်သက်လို့ ပြည်နယ် အစိုးရဝန်ကြီးချုပ်နဲ့ ဂေါပက အဖွဲ့တွေနဲ့ ပြန်လည်စီစစ်ပြီး လုပ်ဆောင်ဖို့တော့ရှိတယ် ဖြတ်သိမ်းခိုင်း တဲ့ အလှူခံဌာန တစ်ခုမှတော့ လောလောဆယ်မရှိသေးပါဘူး” ဟု ဂေါပက အဖွဲ့ အတွင်းရေး မှူး ဦးသိန်းမြင့် ကဆိုသည်။

နေပြည်တော်တွင် ပြုလုပ်သည့် ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအတွင်း အလှူခံကိစ္စရပ် များ နှင့် ပက်သက်၍ ပြည်နယ်အစိုးရအဖွဲ့ နှင့် ဂေါပက အဖွဲ့တို့မှ ပြန်လည်စီစစ်ပြီး စနစ်တကျလုပ်ဆောင်ရန် ညွှန်းကြားမှုသာရှိကြောင်း အပြီးသတ် ပိတ်သိမ်းခိုင်းမှုများ မရှိကြောင်း ၎င်းက ပြောကြားသည်။

ကျိုက်ထီးရိုး ဘုရားတွင် ကန်ထရိုက် ရယူ၍ အလှူခံများ ကို စီးပွားရေး ဆန်ဆန် လုပ်ဆောင် နေကြောင်း မြို့ ခံ အချို့ကပြောဆိုသည်။
ယင်းကန်ထရိုက် ဆွဲသူများ တွင် လခစား အလုပ်ဝင်ရောက် လုပ်ကိုင်သများ ပင်ရှိကြောင်း ယင်းမြို့ခံများ က ပြောဆိုကြသည်။

ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်သန်းနဲ့ချီ နှစ်စဉ်လာရောက်ဖူးမျှော်လေ့ရှိပြီး ပြည်ပ ခရီးသွားဧည့်သည်များတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးလာရောက်ကြပြီး လက်ရှိတွင် အလှူငွေအားဖြင့် ကျပ်ငွေ ၁ဒဿ ၅ဘီလီယံ(ကျပ်သန်းတစ်ထာင်လျှင့် တစ်ဘီလီယံ)ရရှိထားသည်ဟု ဂေါပက ပြောပြချက်အရ သိရသည်။

လတ်တလော တွင်အလှူခံ များ ကို ဖြတ်သိမ်းခိုင်း ရှိမရှိသေး သော်လည်း မွန်ပြည်နယ် ဝန်ကြီးညွန်ကြား လာလျှင် အတိအကျ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ဦးသိန်းမြင့် က ပြောကြားသည်။

“အခု ဒီအလှူခံတွေနဲ့ပက်သက်ပြီးတော့ ဒီထက် တင်းကျပ်ပြီး ထိရောက်မယ့် စည်းကမ်းချက်တွေကို ဝန်ကြီးချုပ်က ပြန်လည် ညွှန်ကြားမှာပေါ့ သူပြောတဲ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်ရမှာပေါ့” ဟု သူကဆိုလေသည်။
kyait htee yoo

ဈေးနှုန်းမြင့် ဟိုတယ် ခန်းများ

ဘုရား လာသူ အချို့ ကျိုက်ထီးရိုး ဘုရားသို့ လာရောက်ပြီး ညည်းညူ သောနောက်ထပ် တစ်ချက်မှာ ဈေးနှုန်း အလွန်အမင်း မြင့်တက်နေသော ဟိုတယ် နှင့် တည်းခိုးခန်း များပြဿနာ ပင်ဖြစ်သည်။

ဟိုတယ် အချို့သည် ဈေးနှုန်း ကြီးမြင့်သည့် အပြင် လိုအပ်သော အခြေခံ ဝန်ဆောင်မှု များပင်မပေး ဟု ပြောဆို သံများ လည်းကြားရသည်။
“ကျိုက်ထီးရိုးတောင်ပေါ်မှာ သာမန် လေးသောင်းငါးသောင်း အခန်းက ဒီဇင်ဘာလ ၊ ဇန်နဝါရီ လတွေမှာ ဆိုရင် တစ်သိန်း၊ တစ်သိန်းခွဲအထိ ဈေးမြှင့်တက် မှုတွေဖြစ်ပေါ်တယ်” ဟု ကျိုက်ထို မြို့ဒေသခံ တစ်ဦးကပြောဆို သည်။

ထို့ ပြဿနာ ကို ဖြေရှင်းရန် ကား ဝိရော ဓိအခြေနေပင်ဖြစ်နေသေး သည်။

ဟိုတယ် ခန်းခ ဈေးနှုန်းကြီးမြင့် သည့် ပြဿနာ သာ မက တောင်ပေါ် တွင် ဟိုတယ် အခန်းများ အစိုးရ က သတ်မှတ်ပေးထားသည် ထက်ပိုမိုဆောက်လုပ်မှု ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ဆိုသည်။

ကျိုက်ထီးရိုးစေတီတော်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ပြီးခဲ့သည့်လအတွင်း ညအိပ်ခရီးစဉ်သွားရောက်စဉ် တည်းခိုခန်း/ဟိုတယ်များအား စစ်ဆေးခဲ့ရာတွင် ရိုးရိုးလေး အမည်ရှိ ကုမ္ပဏီမှ ကျိုက်ထီးရိုးတောင်ပေါ်တွင် ဟိုတယ်/တည်းခိုခန်း အခန်းပေါင်း ၁၃၅ခန်းဆောက်လုပ်ခွင့် ပါမစ်ရရှိထားသော် လည်း ခွင့်ပြုချက်ထက် ၁၀၆ခန်း ပိုကြောင်း ဦးအုန်းမောင် ပြောသည်။

အဆိုပါ ရိုးရိုးလေး ကုမ္ပဏီမှ ခွင့်ပြုချက်မဲ ဆောက်လုပ်ထားသော အခန်းပေါင်း ၁၀၆ခန်းအား တစ်လအတွင်း ဖျက်သိမ်းပေးရန် ယင်းဝန်ကြီးဌာန ကညွန်ကြားထားသည်။

ယင်းဟိုတယ်ခန်းများ ပိုမိုဆောက်လုပ်သည့် ကိစ္စနှင့် ပတ်သက်၍ ဂေါပက အဖွဲ့ကမှု “အဆောက် အအုံတိုးချဲ့ တာ ထပ်မံဆောက်လုပ်တာတွေ ကျွန်တော်တို့ဂေါပကအဖွဲ့ လက်ထက်မှာ ခွင့်ပြုတာ မရှိခဲ့တဲ့အကြောင်း ဝန်ကြီးကိုရှင်းလင်းပြောဆိုခဲ့တယ်” ဟု ၎င်းက ဟင်္သာမီဒီသာသို့ပြောဆိုသည်။

ရိုးရိုးလေး ကုမ္ပဏီ ပိုင်ရှင် ဦးနေထက်သိန်းနိုင်မှု ရိုးရိုးလေး ကုမ္ပဏီက ထပ်တိုး ၁ဝ၆ ခန်းမှာ စည်းကမ်းမဲ့ ဆောင်ရွက်ခြင်း မဟုတ်ဘဲ့ ၂ဝ၁၃-၂ဝ၁၄ အာစီယံ SEA GAME တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ လာရောက်မည်ဖြစ်သောကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ အစည်းအဝေး လမ်းညွှန်ချက်များအရ ဟိုတယ် အခန်းများကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရခြင်းသာဖြစ် ကြောင်း ၎င်း၏ Facebook စာမျက်နှာမှ တဆင့်ရေးသား ခဲ့သည်။

ထပ်တိုး ပြင်ဆင်သော အခန်း ၁ဝ၆ ခန်းကို ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနသို့ လိုင်စင်တင်ပြ လျှောက်ထား ခဲ့ရာတွင် ယင်းဌာနလူကြီးများက ရွေးကောက်ပွဲကာလ ဖြစ်သည့်အတွက် နောက်အစိုးရကျမှတင်ရန် ညွှန်ကြားခဲ့ကြောင်း ၎င်း ကရေးသားခဲ့သည်။

ယခု မူဝါဒသစ်အရ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသို့ အဆောက်အဦခွင့်ပြုမိန့်တင်ပြီး ပြန်ကျမှ ဆောက်လုပ်ရန် ထွက်ပေါ်ခဲ့သဖြင့် နစ်နာဆုံးရှုံးမှုများရှိကြောင်း ထို့ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးနှင့် သာသနာရေးဝန်ကြီးတို့ထံ အသနားခံစာ တင်ပြီး ၎င်း တို့၏ ဆုံးဖြတ်ချက်များကိုသာ လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားခဲ့သည်။

ကျိုက်ထီးပြောင်းလဲရေးလမ်းစ

ကျိုက်ထီးရိုးစေတီတော်တွင် အမှိုက်စွန့်ပစ်မှု စနစ်တကျမရှိခြင်း၊ ဘုရားဖူးဧည့်သည်များ စည်ကားသည့်ကာလ အတွင် ဝန်ဆောင်မှုမရှိဘဲ ဟိုတယ်၊ တည်းခိုခန်းများ ဈေးနှုန်း အလွန်မြင့်တက်ခြင်း၊ အစားအသောက်များ တန်ရာတန်ကြေးထက် ဈေးကြီးခြင်း ကိစ္စ များ အလှူခံများ ကို ကန်ထရိုက် ပေး ကောက်ခံ စေခြင်း ပြဿနာ များ က ကျိုက်ထီးရိုး ဘုရားတွင် အမြစ် တွယ်နေသည်။

ယင်းပြဿနာ များ ကြောင့် ဘုရားဖူး လာရောက်သူများ မှာ စိတ်ပျက်လက်ပျက် ဖြင့် အိမ်ပြန် ရသည်။

ထိုပြဿ နာများကို ဖြေရှင်းရန်ကား ပြည်ထောင်စု အစိုးရ အဖွဲ့ နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့ တို့ကို စိုင်းပြင်းနေသည်။

ထိုပြဿနာ များကို အမြန်ဆုံးဖြေရှင်း ပေးရန် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဌာန ပြည်ထောင်စု ကြီးသူရဦးအောင်ကို က မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ပြောဆိုထားသည်။

ယင်းကိစ္စ များကို မည်သို့မည်ပုံ ဆောင်ရွက် မည်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းနှင့် တွေ့ဆုံမေးမြန်း ရန်ကြိုး ပမ်းခဲ့သော်လည်း မေးမြန်းခွင့် မရခဲ့ပေ။

သို့ သော် ကျိုက်ထီး ရိုးဘုရား တွင်ဖြစ်ပေါ် နေသော ပြဿနာများ အဆင်ပြေ စေရေး အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် က ဦးဆောင်ပြီး တာဝန်ယူ လုပ်ဆောင်နေကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း ကပြောကြားသည်။

“ ကျွန်တော်တို့ ပြောလိုပ မရ ဘူး၊ဝန်ကြီးချုပ် က ဖြေရှင်းဖို့ အဓိက တာဝန်ယူထားတာ” ဟု ၎င်း ကဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး က မှု ဇွန်လ ၂၇ ရက်နေ့ ပြည်ထောင်စု ဝန်ကြီးများ နှင့် ကျိုက် ထီးရိုး ကိစ္စ ဖြေရှင်းရေး တွေ့ဆုံ စဉ်တွင် ယင်းပြဿနာ များ အတွက် တာဝန်ယူဖြေရှင်း ပေးမည် ဖြစ်ကြောင်း ပြောဆို ထားသည်။

မည်သို့ ပင်ဆိုစေ ကျိုက်ထီးရိုး တွင်ဖြစ်ပေါ်နေသော ဂေါပက အဖွဲ့ပြန်လည် ရွေးချယ်ရေး ၊ ကန်ထရိုက်ပေးက အလှူ ငွေကောက်ခံ စေခြင်း ကိစ္စများ နှင့် ဟိုတယ်၊ တည်းခိုခန်းများ ဈေးနှုန်း အလွန်မြင့်တက်ခြင်း၊ အစားအသောက်များ ၊ အမှိုက် ပြဿများ အစရှသည့် အထွေထွေ ပြဿနာ များကို မွန်ပြည်နယ် ဝန်ကြီးချုပ် က တာဝန်ယူဖြေရှင်းရတော့မည်။

ယင်းကိစ္စများ နှင့် ပတ်သက်၍ ဦးမင်းမင်းဦး က “စိတ်မပူပါနဲ့၊ ဒီတောင်နဲ့ပတ်သက်ပြီး အလုံးစုံ ကျွန်တော်တာ ဝန်ယူပါ တယ်” ဟု ဆိုလေသည်။

Leave a Reply