Advertisements

ဗိုက်နာတယ်ဆိုတဲ့ အမျိုး သားကို ဓာတ်မှန်ရိုက်ကြည့်ရာမှာ စအိုထဲမှာ ၈ စင်တီမီတာရှိတဲ့ ဖန် ခွက်တစ်ခု ရောက်နေတာကို တွေ့ ခဲ့ရပါတယ်။
ဝမ်းပိတ်နေပြီး နှစ်ရက် လောက်အကြာမှာ ဗိုက်နာတယ် ဆိုပြီး ဆေးရုံရောက်လာလို့ ဓာတ် မှန်ရိုက်ကြည့်ရာ အခုလို တွေ့ရ တာဖြစ်တယ်လို့ တရုတ်နိုင်ငံက ဒေါက်တာတွေက ဆိုပါတယ်။

အဲဒီစအိုထဲကို ဖန်ခွက်ဘယ် လိုရောက်သွားတယ်၊ ဘာကြောင့် ရောက်သွားတယ်ဆိုတာကို အဲဒီ အမျိုးသားက ထုတ်မပြောခဲ့ပါဘူး။
ဆရာဝန်တွေဟာ အမျိုး သားရဲ့ ခန္ဓာကိုယ်ထဲရောက်နေတဲ့ ဖန်ခွက်ကို မကွဲစေဘဲနဲ့ အပြင်ကို ရအောင် ထုတ်နိုင်ခဲ့တယ်လို့ The Shanghaiist သတင်းမှာ ဖော်ပြ ထားပါတယ်။

ဂွမ်ဇိုးမှာ နေထိုင်တဲ့ အဲဒီ အမျိုးသားဟာ နာကျင်မှုကြောင့် မခံမရပ်နိုင်အောင် အော်ဟစ်နေ လို့ ဆေးရုံပို့ပြီး ဓာတ်မှန်ရိုက်တော့ မှာ ဘာကြောင့်ဆိုတာ သိရတာပါ။
ဒေါက်တာတွေက ဖန်ခွက်ကို အပြင်ထုတ်ရာမှာ အဲဒီအမျိုးသား ရဲ့ စအိုကြွက်သားညှစ်အားကြောင့် ဖန်ခွက်ကွဲသွားမှာကို စိုးရိမ်နေခဲ့ ကြပြီး အကယ်၍ ဖန်ခွက်ကွဲသွား ရင်တော့ ဖန်ခွက် အကွဲစတွေ ကြောင့် ဖြစ်တဲ့ဒဏ်ရာက အသက် အန္တရာယ်စိုးရိမ်မယ့် အနေအထား မှာ ရှိပါတယ်။

အဲဒီဖန်ခွက်ဟာ ၈ စင်တီမီ တာ အမြင့်ရှိပြီး ၇ စင်တီမီတာ အ ကျယ်ရှိတယ်လို့ ဆိုပါတယ်။

ပထမတော့ ဆရာဝန်တွေ ဟာ ဖန်ခွက်ကို သူလာရာလမ်းအ တိုင်း ပြန်ထုတ်ဖို့ စိတ်ကူးခဲ့ကြပါ တယ်။ ဆေးတွေသုံးကာ အမျိုး သားရဲ့ စအိုကြွက်သားတွေ ကျယ် လာအောင် လုပ်တဲ့အခါမှာ ဖန် ခွက်ကို လှမ်းမီပေမယ့် ဖန်ခွက်က လျှောလျှောထွက်နေတာနဲ့ နောက် ဆုံးမှာတော့ ဖန်ခွက်ကွဲမှာ စိုးလို့ ခွဲစိတ်ပြီးပဲ ထုတ်ခဲ့ရတယ်လို့ ဆိုပါ တယ်။

Source: Mirror

Advertisements
<

Leave a Reply