Advertisements

ဟင်္သာမီဒီယာကို မွန်ပြည်နယ်သူပြည်နယ်သားများ နိုင်ငံရေး ၊စီးပွားရေး လူမှုရေး၊ ကျန်းမာရေး စသည့် ကဏ္ဍ အသီးသီးတို့ ၌ သတင်းအချက်အခက်စုံလင်စွာရရှိစေရန် ထို့အပြင် ပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းသား လူမျိုးပေါင်းစုံ ၏ မတူကွဲပြားသော ယဉ်ကျေးမှု ဓလေ့၊ ထုံးတမ်းအစဉ်အလာများ နှင့် တိမ်မြုပ်ပျောက်ကွယ်နေသော တိုင်းရင်းသား ဝိသေသ လက္ခဏာထူးများကိုလည်း လှစ်ဟ ဖော်ထုတ်သွားနိုင်ရန်အတွက် ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် မှစတင်ကာ ထူထောင်ခဲ့သည်။

၂၀၁၆ ခုနှစ်နှစ်ဆန်းပိုင်းတွင်မူ မွန်ပြည်နယ်အတွင်း သတင်းအချက်အလက်ပိုမို ဖြန့်ဝေနိုင်ရန် နှင့် ပုံနှိပ်မီဒီယာ လုပ်ငန်းပိုမို အားကောင်းလာစေရန်ရည်ရွယ် News Hinthar အပတ်စဉ်ထုတ်သတင်းဂျာနယ် ကို စတင်ပုံနှိပ် ဖြန့် ဝေခဲ့သည်။

News Hinthar အပတ်စဉ်ထုတ်သတင်းဂျာနယ် ကို ၂၀၁၉ ခုနှစ်အောက်တိုဘာလ အထိ လေးနှစ်နီးပါး ထုတ်ဝေခဲ့ပါသည်။

သို့သော် သတင်းအချက်အလက်နှင့် နည်းပညာများ ပိုမို မြန်ဆန်လာသော ယနေ့ ခေတ်တွင် လူမှုကွန်ရက် မီဒီယာများက ပြည်သူအများကြား ပိုမို နေရာယူလာသောကြောင့် ပုံနှိပ်မီဒီယာများသည် ဝမ်းနည်းဖွယ် တဖြည်းဖြည်းပျောက်ကွယ်လာရပြီဖြစ်သည်။

ထိုကဲ့ သို့သော အခြေအနေရပ်အရပ်ကြောင့် ဟင်္သာမီဒီယာ ကော်ပိုရေးရှင်းအနေနှင့် News Hinthar အပတ်စဉ်ထုတ်သတင်းဂျာနယ် ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ မှစတင်ကာ မလွဲမရှောင်သာ ရပ်နားရတော့ မည်ဖြစ်သည်။

ထို့ကြောင့် ဟင်္သာမီဒီယာ စာဖတ်ပရိသတ်များ ၊ စာရှုသူပြည်နယ်သူပြည်နယ်သားများ ၊ သတင်းစားသုံးသူများ အတွက်ကိုမှု ဟင်္သာမီဒီယာ အနေနှင့် Digital သတင်းတင်ဆက်မှုများဖြင့် ဆက်လက်ထုတ်ဝေသွားမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။

News Hinthar အပတ်စဉ်ထုတ်သတင်းဂျာနယ် အကြောင်းကြောင့် ရပ်နားခဲ့သော်လည်း ဟင်္သာမီဒီယာ ၏ Digital Platform များဖြစ်သော https://www.hintharmedia.com ၊ facebook.com/ hintharmediacorporation/ ၊ Hinthar Application နှင့် Hinthar Media Youtube Channel များတွင် မွန်ပြည်နယ် နေ့စဉ်ဖြစ်ပေါ်နေသော နိုင်ငံရေး ၊စီးပွားရေး လူမှုရေး၊ ကျန်းမာရေး စသည့် ကဏ္ဍ အသီးသီး မှ စိတ်ဝင်စားဖွယ်ရာ သတင်းများ ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၏ မတူကွဲပြားသော ယဉ်ကျေးမှု ဓလေ့၊ ထုံးတမ်းအစဉ်အလာများ ကို ဖော်ထုတ်ရေးသားပြသမှုများ နှင့် ဖျော်ဖြေရေး သတင်းများ ကို ဆက်လက် ထုတ်ဝေ ဖြန့်ချိသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်သူပြည်နယ်သား သတင်းစားသုံးသူ၊စာဖတ်ပရိသတ်များ ကို အသိပေးလိုပါသည်။

ဟင်္သာမီဒီယာ ( ၁.၁၁.၂၀၁၉)

Advertisements
<

Leave a Reply