Advertisements

မော်လမြိုင်၊ ဇွန် ၁၃

လက်ရှိ ကျင်းပနေသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် စာဖြင့် ပြန်လည်ဖြေကြားပေးရမည့် မေးခွန်းများကို ၁၀ ရက်အတွင်း တိတိကျကျဖြေကြားပေးရန် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက သတိပေး ပြောကြားသည်။

“ဖြေရမယ့် အဖြေတွေကို ၁၀ ရက်အတွင်း ပို့ပေးပါလို့ ကျွန်မအမြဲတမ်းပြောပါတယ်။ ဒါပေမယ့် ရက် ၂၀ ရက် ၃၀ ကျော်မှ ရရှိပါတယ်။ ဒီကနေ့ စာဖြင့်ဖြေပေးမယ့် မေးခွန်းတစ်ခုကို ၁၀ ရက်အတွင်း တိတိကျကျဖြေပေးပါ လို့ ပြောကြားလိုပါတယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

သထုံမြို့နယ်အတွင်းရှိ ဝါးပါးဆည်နှင့် စပ်လျဉ်း၍ သိရှိလိုသောမေးခွန်းနှင့် ပတ်သက်ပြီး သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆက်စပ်မေးခွန်းမေးမြန်းရာတွင် ပြန်လည်လေ့လာ စိစစ်ပြီးမှ လွှတ်တော်သို့ စာဖြင့် (၁၀) ရက်အတွင်း ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ၁၀ ရက်အတွင်း စာဖြင့် ပြန်လည်ဖြေကြား ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုယ်စားလှယ်များ၏ ဆက်စပ်မေးခွန်းကို ကြိုတင်သိရှိထားခြင်း မရှိသည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဋ္ဌာနက စာဖြင့် ပြန်လည်ဖြေကြားရခြင်းဖြစ်ပြီး အချို့အချက်အလက်များသည် တိတိကျကျ ပြန်လည်ရှာဖွေလေ့ လာသုံးသပ်ရမည်ဖြစ်သောကြောင့် စာဖြင့် ပြန်လည်ဖြေကြားရန် တောင်းဆိုရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ပြောသည်။

“လွှတ်တော်ဥက္ကဋ္ဌကြီးပြောတာ တစ်ချို့အပိုင်းတွေကျတော့ နည်းနည်းကြန့်ကြာတဲ့သဘောရှိခဲ့တယ်။ ရှိတယ်ဆို တာက ကျွန်တော်တို့ဘက်က တစ်ခါတစ်လေကျရင် စိစစ်ရမယ့် အချက်အလက်အခြေအနေ​ေတွက အလွယ်တကူရနိုင်တယ်ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ အမြန်ဆုံးတင်ပြပေးနိုင်တယ်။ ဒါပေမယ့် တစ်ချို့အချက်အလက်တွေကျတော့ အချိန်ယူပြီးတော့ အကြာကြီးလေ့လာသုံးသပ်ရတဲ့အခါမျိုးရှိခဲ့ရင် ၁၀ ရက်ဆိုတာ မလုံလောက်တဲ့သဘောလည်း ရှိခဲ့တယ်။ ဒါပေမယ့်တော့ ကျွန်တော်တို့က ဒါကို ပြဿနာမရှိပါ ဘူး။ အတတ်နိုင်ဆုံးတော့ လွှတ်တော်နဲ့ ညှိနှိုင်းပြီးတော့မှ အမြန်ဆုံးပေးပို့နိုင်အောင် ကြိုးပမ်းပေးနေတာဖြ စ်ပါတယ်”ဟု ဦးထွန်းဋ္ဌေးက ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ကို ဇွန်လ ၁၂ ရက်နေ့စ၍ စတင်ကျင်းပလျက်ရှိသည်။

အောင်မြတ်

Advertisements
<

Leave a Reply