Advertisements

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်၊ အမက (၂) ကျောင်းတွင် နေ့လယ် ၁၁ နာရီက ကျောင်းအား မီးရှို့မည်၊ မိုင်း တပ်ဆပ်ထားသည်ဟူသော စာသားကို တတိယတန်းရှိ ဝိုက်ဘုတ်တွင် ခြိမ်းခြောက်စာ ရေးသားထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

ယင်းအပြင် စတုတ္ထတန်း ဗီဒိုထဲ၌ သိမ်းဆည်းထားသည့်ကျပ် ငွေ ငါ သိန်းမှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

“ကျောင်းအတွင်းနဲ့ အနီးပတ်ဝန်းကျင်တွေကို မိုင်းရှာခွေး စက်ကိရိယာပစ္စည်းတွေနဲ့ လိုက်လံရှာဖွေ စစ်ဆေးဆောင်ရွက်နေပါတယ်။ ဓာတ်ဆီတွေ ဖြန်းထားတယ်ဆိုတာ မဟုတ်ပါဘူး။ စားဆီတွေ ဖြန်းထားတဲ့ ကော်ဆီဗူးတစ်ဗူးပဲ တွေ့ရှိခဲ့တယ်”ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေးက ဟင်္သာမီဒီယာကို အတည်ပြု ပြောဆိုသည်။

ယခုဖြစ်စဉ်ကို ရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းဆေးရေးအဖွဲ့ ဖွဲ့၍ ဖော်ထုတ် အရေးယူသွားမည်ဟု ၎င်းက ဆိုသည်။

သတင်း/ဓာတ်ပုံ – ခေတ်မင်း

Advertisements
<

Leave a Reply