Advertisements

မော်လမြိုင်၊ သြဂုတ် 

မွန်ပြည်နယ်တွင် သြဂုတ် ၃ ရက်က ထူးကဲ ဒီရေ တက်ပြီးနောက် စာသင်ကျောင်း ၁၁ ကျောင်း ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း ပြည်နယ်ပညာရေးမှုုးရုံးမှ လက်ထောက်ညွန်ကြားရေးမှုုး (စီမံဌာန) ဦးဖုန်းဇော်က သြဂုတ် ၂၂ ရက်တွင် ဟသ๎ာမီဒီယာသို့ပြောကြားသည်။

ဖွင့်လှစ်ရန် ကျန်ရှိနေသော စာသင်ကျောင်း ၁၁ ကျောင်းမှာ အထက်တန်းကျောင်း နှစ် ကျောင်း၊ အလယ်တန်းကျောင်း လေး ကျောင်း၊ မူလတန်းကျောင်း ငါး ကျောင်း ပါဝင်ပြီး အားလုံးမှာ ကျိုက်မရောမြို့နယ်ရှိ စာသင်ကျောင်းများသာ ဖြစ်နေသည်ဟု ၎င်းက ပြောဆိုသည်။

“ရေဝင်နေတဲ့အခါကျတော့ ရေကချက်ခြင်းပြန်မကျဘူး ကျန်တဲ့ကျောင်းတွေက ဒီရေကျမှ အကုန်ပြန်စွဲသွားတာပေါ့ မိုးဆက်မပြတ်ရွာသောရေတင်နေသေးတာပေါ့ မိုးပြတ်ရင်ရေဆင်းမြန်ရင်ဖွင့်နိုင်မယ်”ဟု ဦးဖုန်းဇော်က ပြောသည်။

စာသင်းကျောင်းအတွင်းသို့ ရေဝင်ရောက်မှုခဲ့သော်လည်း ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“တစ်ချို့ကျောင်းတွေက ကျောင်းတော့ ဖွင့်တယ် ကလေးငယ်လေးတွေကို မိဘတွေက ကျန်းမာရေးအတွက် စိုးရိပ်တဲ့အတွက် ကျောင်းကိုမလွှတ်တာတွေ ရှိနေတယ်”ဟု ပြည်နယ်ပညာရေးမှူးတာဝန်ခံညွန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်က ပြောဆိုသည်။

မွန်ပြည်နယ်တွင်း ရေကြီးမှုနှင့် ထူကဲ ဒီရေကြောင့် စာသင်ကျောင်း အဆောက်အဦများ၏ ပျက်စီးမှုမှာ သြဂုတ် ၂၀ ရက်အထိ ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၅၀ ခန့် ရှိခဲ့သည်ဟု ပြည်နယ် ပညာရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

ဂေထော

Advertisements
<

Leave a Reply