Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၃

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ကောင်းသစ်စံ စားသောက်ဆိုင်တွင် ဒီဇင်ဘာ ၁ ရက် ည ၁၂ နာရီခန့်က
စားသောက်ဆိုင်ဝန်ထမ်း သုံးဦး ဝိုင်းဝန်းထိုး`ကြိတ်ရိုက်နှက်ရာမှ အရက်လာသောက်သည့် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ သိရသည်။

မြိုင်သာယာရပ်ကွက်နေ ဝင်းဇော်ဦး ၄၀ နှစ်နှင့် နေမင်းထွန်းတို့နှစ်ဦးမှ ယင်းရပ်ကွက် ရာဇဓိရာဇ်လမ်းရှိ ကောင်းသစ်စံ စားသောက်ဆိုင်သို့ အရက်သွားသောက်ကြရာမှ ၎င်းဆိုင်ရှိ စားပွဲထိုးဝန်ထမ်းများနှင့် စကားများရန်ဖြစ်ခဲ့ရာ ဆိုင်ဝန်ထမ်း သုံးဦးက ဝင်းဇော်ဦးကို ဝိုင်းဝန်းရိုက်နှိက်ခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

Advertisements
data-language="en"

“ကနဦးစစ်ဆေးချက်အရတော့ သေဆုံးသူနဲ့အတူ အမျိုးသားတစ်ဦးက ဆိုင်ဝင်ဝင်ချင်းပဲ စကားပြောတာအဆင်မပြေကြဘူး။ ဆိုင်ကဝန်ထမ်းတွေနဲ့ စကားများထိုးကြ၊ ကြိတ်ကြတော့ ဝင်းဇော်ဦးက တော်တော်လေးမူးနေတဲ့ အနေအထားမှာရှိတယ်ဖြစ်မယ်ပေါ့၊ အဲမှာပဲ လဲကြကျန်နေခဲ့တယ်။ ကျွန်တော်တို့ သတင်းကြားကြားချင်းသွားရောက်ခဲ့ပြီး ဒဏ်ရာရလဲကျနေတဲ့ သူကိုဆေးရုံပို့ဆောင်ပေးခဲ့တယ်” ဟု မြိုင်သာယာနယ်မြေရဲစခန်းမှူး ရဲအုပ်တင်ထွန်းဦးက ပြောသည်။

ကောင်းသစ်စံ စားသောက်ဆိုင်မှ ဆိုင်ဝန်ထမ်း ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့၊ ဆန်တန်းရပ်ကွက်နေ ကိုဖြိုး ၂၆ နှစ်၊ ကျိုက်လတ်မြို့နယ်၊ ဒွန်းဒလိတ်ရွာနေ ကိုမင်း ၁၉ နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဥဿမြို့သစ်နေ နွေမောင်ဦး ၂၀ နှစ်တို့က ဝင်းဇော်ဦးကို လက်သီးဖြင့်ထိုး၍ အုတ်ခဲ၊ တုတ်တို့ဖြင့် ဝိုင်းဝန်းရိုက်နှိက်ခဲ့သဖြင့် ဝင်းဇော်ဦး၏ ဘယ်ဘက်နား၊ မျက်စိတို့တွင် သွေးထွက်ဖူးရောင်ဒဏ်ရာများနှင့် ဦးခေါင်းကွဲဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ဆေးရုံတက်ရောက်ကုသနေတဲ့ ဝင်းဇော်ဦးက နောက်တစ်နေ့ နက်နံ ၁၀ နာရီ ၁၅ လောက်မှာ သေဆုံးခဲ့တယ်။ ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ဆိုင်ဝန်ထမ်း သုံးဦးကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု ရဲအုပ်တင်ထွန်းဦးက ထပ်လောင် ပြောသည်။

ဝင်းဇော်ဦးအား ဒဏ်ရာများရရှိပြီး အသက်သေဆုံးအောင် ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့သည့် ကိုဖြိုး၊ ကိုမင်းနှင့် နွေမောင်ဦးတို့ သုံးဦးကို မြိုင်သာယာနယ်မြေရဲစခန်းမှ (ပ) ၂၃၅/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၁၁၄ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

Written by ခေတ်မင်း

Leave a Reply