Photo was proudly shared via internet.Thank you to honor the original image.

မော်လမြိုင် မတ်

မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် ၂၈ အိမ်စုရပ် သုခဝတီ (၁) လမ်းတွင် မတ် ၂၅ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၈၁ ပြားကို ကော်ဖီမစ်အိတ်အခွံအတွင်း ဝှက်ထားသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မူခင်းအကူဌာစုမှ သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ ကိုဌေးခိုင် (၂၉ နှစ်) ဆိုသူ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းကိုယ်ခန္ဓာ၌ ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီရှည် ဘယ်ဘက်အိတ်ကပ်အတွင်းမှ Birdy ကော်ဖီမစ်အိတ်အတွင်း ဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၁ ပြားနှင့် မူးယစ်ဆေးဝါးများ ရောင်းချရာမှ ရရှိသည်ဟု ယူဆရသည့် ငွေစက္ကူရောရာ ကျပ် ၃၀,၀၀၀ တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိရဲအရာရှိက ပြောသည်။

ထို့နောက် ကိုဌေးခိုင်၏ နေအိမ်အတွင်းသို့ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထပ်မံရှာဖွေခဲ့ရာ ယင်းနေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ သုံးစွဲရန် ပြုလုပ်ထားသည့် ဂက်စ်မီးခြစ်အပါအဝင် အခြားဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အခြားဆက်စပ်ပစ္စည်းများ လက်ဝယ်တွေ့ရှိသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ကိုဌေးခိုင်ကို ဇေယျာသီရိနယ်မြေရဲစခန်းမှ မယ (ပ) ၃/ ၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၉ (က)/ ၂၀ (က) အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

==

Leave a Reply