Advertisements

စိတ်ဖိစီးမှုများ၍ ပူအိုက်သောယခုကဲ့သို့အချိန်တွင် ကလေးသူငယ်များတွင် အပူနာဟုခေါ်သော စိတ်ဖိစီးမှုကြောင့်ဖြစ်သော အနာများကို ပါးစပ်၊နှုတ်ခမ်းတစ်ဝိုက်တွင်ဖြစ်တတ်သည်။ ထိုအနာကို စိတ်ဖိစီးမှုကြောင့်ဖြစ်သောအနာ stress ulcer ဟုခေါ်သည်။

ယခုခေတ်တွင် ပြိုင်ဆိုင်မှုပြင်းထန်လာမှုကြောင့် နေ့စဉ်လူမှုနေထိုင်ရေးဘဝတွင် စိတ်ဖိစီးမှုသည် အလွန်ကိုဖိစီးသောရောဂါတစ်မျိုးဖြစ်လာသည်။ အိပ်မပျော်ခြင်း၊ စိတ်ညစ်ခြင်းနှင့် ကိုယ်လက်မကြည်မသာဖြစ်ခြင်းသည် စိတ်ဖိစီးမှု၏ ရောဂါလက္ခဏာဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထို့သို့သော စိတ်ဖိစီးမှုကြောင့် stress ulcer နှင့် စိတ်ပိုင်ဆိုင်ရာ ရောဂါများခံစားရသူ နှစ်စဉ်တစ်ထောင်နီးပါးခန့်ရှိသည်ဟု စာရင်းဇယားများအရသိနိုင်သည်။

စိတ်ဖိစီးမှုကြောင့်ဖြစ်သော stress ulcer များသည် အစာအိမ်နှင့်အူလမ်းကြောင်းတွင်အဖြစ်များသည်။ ခံတွင်းထဲတွင်အနာပေါက်၍ ပါးစပ်နာခြင်း၊ အစာအိမ်တွင် စိတ်ဖိစီးမှုများချိန် အစာအိမ်အနာပေါက်၍ ဗိုက်အောင့်ခြင်းနှင့် ရံဖန်ရံခါအစာအိမ်သွေးကြောပေါက်ကာ သွေးအန်ခြင်းများ၊ဖြစ်တတ်သည်။ ထို့အပြင်နှလုံးရောဂါ၊ အသည်းရောဂါနှင့်အခြားသောရောဂါများခံစားနေရသောသူများတွင် ထိုအနာမျိုးဖြစ်ပါက ပိုမိုဆိုးဝါးသည်။

stress ulcer သည် အရွယ်သုံးပါးစလုံးအရွယ်မရွေး၊ ယေကျာ်းမိန်းမမရွေးဖြစ်ပွားနိုင်သည်။ ကလေးသူငယ်များသည် စာမေးပွဲနီးလျှင် သို့မဟုတ် စာမေးပွဲဖြေချိန်များတွင် ပါးစပ်နာခြင်း၊ ရေယုံကဲ့သို့သောအနာအိတ်ကလေးများ နှုတ်ခမ်းပတ်ပတ်လည်တွင်ပေါက်ခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်းနှင့် ကိုယ်လက်မအီမသာဖျားနာခြင်းများဖြစ်တတ်သည်။ ထိုလက္ခဏာများသည် စာမေးပွဲတည်းဟူသော စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာဖြစ်သည်။ ထို့အတူ လူငယ်လူရွယ်များနှင့် အသက်ကြီးရွယ်အိုများတွင်လည်း ထို့ကဲ့သို့အရေးကြီးသော စိတ်လှုပ်ရှားဖွယ်ရာ များရှိလျှင် ထိုရောဂါလက္ခဏာများခံစားရတတ်သည်။ ထို့အပြင်စိတ်ဖိစီးမှုကြောင့်မှ ဖိအားများလာလျှင် စိတ်ညစ်ကာ စိတ်ကစဉ်ကလျာ့ရောဂါများ၊ ခေါင်းတခြမ်းကိုက်ခြင်းနှင့် စိတ်ရောဂါများအပါအဝင် မိမိကိုယ်ကို သတ်သေမှုများဖြစ်လာသည်အထိ နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပွားလာတတ်သည်။

ထို့ကဲ့သို့သော လက္ခဏာများပေါ်ပေါက်လာလျှင် ကုသရမည် နည်းလမ်းမှာ စိတ်ဖိစီးမှုကိုလျော့ချခြင်းဖြစ်သည်။ စိတ်ဖိစီမှုများနေသရွေ့ ထိုရောဂါလက္ခဏာသည် ဖြစ်ပွားနေဦးမည်ဖြစ်သည်။ စိတ်ဖိစီးမှုလျော့ချခြင်းနည်းလမ်းများကို Times magazine တွင် ဤကဲ့သို့ဖော်ပြထားသည်။

၁။ ရေများများသောက်ခြင်း။ တစ်နေ့အနည်းဆုံးသုံးလီတာခန့်သောက်သုံးခြင်း။
၂။ အမျှင်ဓာတ်များသော အစားအသောက်များကိုပိုမိုစားသုံးခြင်း
၃။ အချိန်မှန်မှန်အိပ်ယာဝင်ခြင်း။ တနေ့အနည်းဆုံးရှစ်နာရီခန့်အိပ်စက်အနားယူခြင်း။
၄။ ချွေးထွက်သောအားကစားနည်းတစ်မျိုးကို တစ်ပတ်တွင်သုံးရက်ခန့်ပြုလုပ်ခြင်း။ ယောဂကျင့်ခြင်း။
၅။ခရီးမကြာခဏထွက်ခြင်းနှင့်
၆။ ထိုစိတ်ဖိစီးမှုနှင့်အကျွမ်းတဝင်ဖြစ်စေရန် နေထိုင်ခြင်းတို့ဖြစ်သည်။ အထက်ပါအကြံပြုချက်(၆)ချက်တွင် (၁)မှ(၅)ထိသည် ပုံမှန်ကျန်းမာသောလူတစ်ယောက်ပြုလုပ်ရမည့်အမူအကျင့်များဖြစ်သည်။ နံပါတ်(၆)အချက်သည်ကာ စိတ်ဖိစီးမှုကိုဖြစ်စေသော အကြောင်းတရားကိုထပ်ခါတလဲလဲထိတွေ့မှုများလာစေသောအခါ ထိုစိတ်ဖိစီးမှုစေသော အရာသည် ရိုးရှင်းသော ပုံမှန်ထိတွေ့နေသောအကြောင်းတစ်ရပ်ဖြစ်သွားကာ စိတ်ဖိစီးမှုလျော့စေခြင်းသည်။

စိတ်ဖိစီးမှုကြောင့်ဖြစ်သော stress ulcer သည် အခြားသော နှလုံးရောဂါ၊ အသည်းရောဂါအခံရှိသူများဖြစ်လျှင် လျင်မြန်သောကုသမှုခံယူသင့်သည်။ ရေများများသောက်ခြင်း။ ဗီတာမင်စီကြွယ်ဝသောဓာတ်စာများမှီဝဲခြင်းသည် စိတ်ဖိစီးမှုလျော့ချစေသည်။ အိပ်ရေးဝဝအိပ်ခြင်းနှင့် သင့်လျှော်သောကိုယ်လက်လှုပ်ရှားမှုတစ်ခုကိုသေချာလိုက်စားသင့်သည်။ ထိုမှသာ စိတ်ဖိစီးမှုများလျော့ချကာ စိတ်ဖိစီးမှုကြောင့်ဖြစ်သော နောက်ဆက်တွဲရောဂါလက္ခဏာများကိုလျော့ချနိုင်မည်ဖြစ်သည်။ ။

Written by ဒေါက်ဦး(မွန်)

Advertisements
<

Leave a Reply