မြန်မာနိုင်ငံတွင် မသင်မနေရ ပညာရေးစနစ်ကို မူလတန်းမှ အလယ်တန်းထိ သတ်မှတ်ထားသော်လည်း ကျောင်းနေအရွယ် ကလေးငယ်များစွာသည် မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့် ကျောင်းပြင်ပတွင် ဝမ်းစာအတွက် ကျင်လည်နေရသည်ကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသည်။ အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်နေ့၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် စတင်ကျောင်းအပ်နှံကြပြီးဖြစ်သည်။