မော်လမြိုင်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သော ရွှေဈေးများ ယခုအပတ်တွင် ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

logo-copylogo-copy

ယခုလဆန်းပိုင်းက မော်လမြိုင်တွင်အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၈၀၃ဝဝဝ ကျပ်ရှိရာမှ ဇွန်လ ၂၃ ရက်နေ့တွင် တစ်ကျပ်သားလျှင် ၇၉၂ဝဝဝ ကျပ်ထိ ဈေးပြန်လည်ကျဆင်းလာကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေစစ်ဆေးတာဝန်ခံ ဦးစိုးဝင်းက ပြောသည်။

ယခုရက်ပိုင်တွင်း ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း လိုက်လံကျဆင်းလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မိုးရာသီကာလဟာ ရွှေဈေးကျမယ့်ကာလပဲ။ ဘာလို့လဲဆိုတော့ ရွှေအထွက်နှုန်းနည်းပြီး ကမ္ဘာ့ရွှေဈေးကျတဲ့ အတွက်ကြောင့်ပါ” ဟု မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဝင်းက ရှင်းပြပြောဆိုသည်။

ကမ္ဘာ့ရွှေဈေးမှာမူ ဇွန်လ ၂၁ ရက်နေ့က တစ်အောင်စလျှင် ဒေါ်လာ ၁၂၉ဝ ပေါက်ဈေးရှိခဲ့ရာမှ ဇွန်လ ၂၃ ရက်နေ့တွင် ၁၂၆၉ ထိ ကျဆင်းလာခြင်းဖြစ်ကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ထို့အတူ ရန်ကုန်ဈေးကွက်တွင်မူ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၇၉၉ဝဝဝ ပေါက်ဈေးရှိကြောင်း ရန်ကုန်မြို့တော် အခြေစိုက် တိတ်စိန်ရတနာရွှေဆိုင်ထံမှ သိရသည်။

ပြည်တွင်းရွှေဈေးမှာ ဇွန်လဆန်းပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၈၁၀ဝ၀ဝ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မော်လမြိုင်ဈေးကွက်တွင်လည်း တစ်ကျပ်သားလျှင် ၈၀၃၀ဝ၀ ကျပ်အထိ လိုက်လံမြင့်တက်ခဲ့သည်။

Leave a Reply