မွန်ပြည်နယ်အတွင်း ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို ငါး နှစ်ဆက်တိုက် တိုက်ကျွေးပြီးပါက တစ်ဦးချင်းကို သွေးဖောက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင်က ပြောကြားသည်။

ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေးကို  မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်က စတင်တိုက်ကျွေးခဲ့ပြီး၊ ယခုနှစ်တွင် ငါး နှစ် ပြည့်မြောက်သွားသည့်အတွက်ကြောင့် သွေးဖောက်စစ်ဆေးမှုကို ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ ဒီလို ရောဂါမျိုးက သွေးစစ်ပြီးမှ သိရတဲ့ ရောဂါဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက်တွေထဲက ဖြစ်နိုင်တဲ့ သူတွေကို မှတ်တမ်း တင်ထားတယ်”ဟု ၎င်းက ပြောသည်။

သွေးစစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိသော လူနာများကို ကာကွယ်ဆေး ဆက်လက် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် မော်လမြိုင်မြို့နယ်၌ ဆင်ခြေထောက် ရောဂါ သံသယရှိသူ ၂၉၆ ဦးကို သွေးဖောက်စစ်ဆေးခဲ့သော်လည်း ရောဂါမတွေ့ရကြောင်း ၂၀၁၆ ခုနှစ်တွင် လာရောက်သွေးစစ်သူ မရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးမှ သိရသည်။

Written by – ခင်နန်းဌေး

Leave a Reply