Photo- UNOPS

 

ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ဆန်ကုန်စည်ဒိုင်များတွင် ဆန်သစ်များကျန်ရှိနေခြင်းကြောင့် စပါးစျေးနှုန်းပြန်လည်ကျဆင်းလာသည်ဟု ၀ါးတန်းလမ်းကုန်စည်ဒိုင်မှ ဆန်ကုန်သည်ဦးရှမ်းကပြောကြားသည်။
ယခင်ရန်ကုန်မြို့ရှိ ဆန်ကုန်စည် ဒိုင်များတွင် ဆန်အဟောင်းလက်ကျန်များနည်းနေသည့်အတွက် ဆန်အသစ်ကို အပြိုင်အဆိိုင်ဝယ်ယူရာမှ စပါးစျေးများတက်လာသော်လည်း ယခုအခါ အဆိုပါဆန်အသစ်များ ကျန်ရှိနေခြင်းကြောင့် စပါးစျေးမှာပြန်လည်ကျဆင်းလာခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

Photo- UNOPS
Photo- UNOPS

“ဆန်အသစ်ကအထားမခံတော့ စက်ပိုင်တွေက သူတို့အတွက်ပိုက်ဆံပြန်မဖြစ်ပဲနဲ့ ဘယ်ဝယ်မလဲ ဆန်ကမခြောက်တော့လေ အဲ့တော့ ကုန်စည်ဒိုင်ကို ၀င်နေတဲ့အားနဲ့ ပြန်ထွက်တဲ့အားနဲ့မမျှတော့ အဲ့ဒီမှာစျေးပြန်ကျသွားတာ”ဟု ဦးရှမ်းကဆက်လက်ပြောကြားသည်။
myanmar_farmers_600x416လက်ရှိဆန်ကုန်စည်ဒိုင်သို့ ၀င်ရောက်နေသည့် ဆန်သစ်များသည် ရက်ကြာကြာအထားမခံသောကြောင့် လက်လီအရောင်းသမားများအနေဖြင့်လည်း မိမိရောင်းကုန်မည့်ပမာဏကိုသာ ၀ယ်ယူကြခြင်းကြောင့် အရောင်းအဝယ်မမျှမှုကြောင့် စပါးစျေးပြန်လည်ကျဆင်းခြင်းဖြစ်သည်ဟု ၄င်းကပြောကြားသည်။
“ ဆန်စက်တွေက စပါးသမားကို အမြဲတမ်းဖောက်သည်ဖြစ်ဖို့ဆိုရင် စပါးကိုအမြဲတမ်းဝယ်နေရတယ် မဟုတ်ရင် တခြားကိုရောက်သွားရော အဲ့လိုရောက်သွားရင်ပြန်ခေါ်လို့မရတော့ဘူး အဲ့လိုနည်းနဲ့ စပါးသမားကိုထိန်းထားရတာပေါ့ ဒီလိုအမြဲတမ်းဝယ်ဖို့ဆိုရင် အနီးဆုံးရန်ကုန်ကိုတင်ပေါ့ အခုရန်ကုန်မှာက အရောင်းအဝယ်အေးသွားတော့ ဆန်သစ်တွေကကျန်နေသေးတယ် အဲ့ဒါကြောင့် စပါးစျေးပါလိုက်ကျတာ”ဟု ဦးရှမ်းကဆိုသည်။
ယခင်စပါးစျေးနှုန်းမှာ အချောတင်းတစ်ရာကို ရှစ်သိန်းကျပ်မှ ရှစ်သိန်းလေးသောင်းဝန်းကျင် ထိစျေးတက်ခဲ့ သော်လည်း ယခုလက်ရှိတွင် ခုနှစ်သိန်းရှစ်သောင်းကျပ်မှ ရှစ်သိန်းထိပြန်လည်ကျဆင်းသွားသည်ဟု ၄င်းကပြောကြားသည်။
ယင်းအပြင် ယခင်စပါးအကြမ်းမှာ တင်းတစ်ရာကို ငါးသိန်းငါးသောင်းထိရှိခဲ့သော်လည်း ယခုလက်ရှိတွင် တင်းတစ်ရာကို ငါးသိန်းထိကျဆင်းသွားသည်ဟု ၄င်းကပြောကြားသည်။

Leave a Reply