Advertisements

မော်လမြိုင်၊ စက်တင်ဘာ

ဈေးကွက်အတွင်း ဆန်၊ စပါး ဝယ်ယူ သိုလှောင်မှုများကြောင့် ပြည်တွင်း ဆန်ဈေးနှုန်းမှာ တစ်လထက် တစ်လ မြင့်တက်လျက်ရှိကြောင်း ဆန်ရောင်းဝယ်သူ လုပ်ငန်းရှင်များက ပြောဆိုသည်။

လုပ်ငန်ရှင်းအချို့က ပစ္စည်းများကို ဝယ်ယူ သိုလှောင်ထားသဖြင့် တစ်ဆထက် တစ်ဆ မြင့်တက်လာခြင်း ဖြစ်သည်ဟု မော်လမြိုင် အမှတ်(၁) ဈေးမှ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်အေးမြင့်က သုံးသပ်သည်။

” ခါတိုင်းနှစ်ထက်စာရင်ဒီနှစ်က တအားကိုတက်သွားတာပေါ့၊ လက်လုပ်လက်စားသမားတွေကို တော်တော်သနားတယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ဆန်ဈေးမှာ ဇွန်လက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၄၀၀၀ သာ ရှိခဲ့ရာမှ သြဂုတ် နောက်ဆုံးအပတ်တွင် ကျပ် ၆၄၀၀၀ အထိလည်းကောင်း၊ ပုသိမ် ပေါ်ဆန်းမှာ ကျပ် ၄၈၀၀၀ မှ ကျပ် ၅၄၀၀၀ ၊ တောင်ပျံမှာ ကျပ် ၃၀၀၀၀ မှ ကျပ် ၄၈၀၀၀၊ ကောက်ကြီးမှာ ကျပ် ၂၆၀၀၀ မှ ကျပ် ၄၀၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေသည်။

“ဒီလောက်ထိတက်လာတာတော့ မကောင်းဘူးပေါ့ မိသားစုများတဲ့အချို့အိမ်တွေဆို ဘယ်လိုများစားကြမလဲ” ဟု မော်လမြိုင် မရမ်းကုန်ရပ်ကွက်နေသူ ဒေါ်ချိုချိုဝင်းက ဆိုသည်။

ယင်းအပြင် ဆန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် အခြေခံ လူတန်းစားများ အခက်အခဲ ရှိလာနိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

လက်ရှိတွင် ဆန်ကုန်သည်အသင်းမှ ဆန်ချော ဝယ်ယူ သိုလှောင်မှုများကို အရေးယူနိုင်ရန် အစီအစဉ် တစ်ရပ် ရေးဆွဲနေပြီ ဖြစ်ကြောင်း ယင်အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး သြဂုတ် ၂၃ ရက်တွင် သတင်းမီဒီယာများကို ပြောဆိုထားသည်။

လျှမ်းထက်

Advertisements
<

Leave a Reply