Advertisements

စင်္ကာပူ ဖေဖော်ဝါရီ

ဆမ်ဆောင်း ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်တဲ့ ဆမ်ဆောင်းဂလက်ဆီ S10 နဲ့ S10+ တို့ကို စကာင်္ပူနိုင်ငံမှာ မတ်လ ၈ရက်နေ့ကစပြီး စတင်ဖြန့်ချိရောင်းချသွားမှာဖြစ်ပါတယ်။

ဈေးနှုန်းကတော့ S10 ကို စကာင်္ပူဒေါ်လာ ၁၀၇၈ နဲ့ S10+ ကို စကာင်္ပူဒေါ်လာ ၂၁၉၈ နဲ့ ရောင်းချမှာဖြစ်ပါတယ်။ S10 နဲ့ S10+ တို့ဟာ ဆမ်ဆောင်းစမတ်ဖုန်းမော်ဒယ်လ်တွေထဲမှာ ဈေးအကြီးဆုံးမော်ဒယ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဈေးနဲ့အတူ စွမ်းဆောင်ရည်နဲ့ အရည်အသွေးတွေကလည်း တစ်ပါတည်းလိုက်ပါပြီးဖြစ်တယ်လို့ ဆမ်ဆောင်းကုမ္ပဏီဘက်က အာမခံထားပါတယ်။ အထူးသဖြင့် ဖုန်းရဲ့ အတွင်းပိုင်း မန်မိုရီဟာ 1 TBရှိတာကြောင့် ယခင်ဖုန်းတွေထက် ကြာရှည်သုံးလို့ရပြီး အနည်းဆုံးငါးနှစ်ကနေ ဆယ်နှစ်အထိ မှတ်ဉာဏ်တွေ ပြည့်မှာ မဟုတ်ဘူးလို့ ကုမ္ပဏီဘက်က ပြောပါတယ်။

ရွေးချယ်စရာအနေဲ့ အရောင်ကို အဖြူ၊ အနက်၊ စိမ်းပြာဆိုပြီး အရောင်သုံးမျိုးရှိမှာဖြစ်ပြီး အတွင်းပိုင်းမန်မိုရီ ၁၂၈ GB နဲ့ 1 TB ဆိုပြီး နှစ်မျိုးရှိပါတယ်။ မန်မိုရီ ပါဝင်နှုန်းကို မူတည်ပြီး ဈေးကွာခြားနိုင်တယ်လို့ သိရပါတယ်။

ဈေးနှုန်းတွေက ယခင်ထက်ကြီးနေပေမဲ့ ကြိုတင်မှာယူမှုနှုန်းထားကတော့ ယခင်တိုင်းမပြောင်းလဲပဲ ရှိနေပါသေးတယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြိုတင်မှာယူသူအများစုဟာ ဆမ်ဆောင်းရုံးခွဲတွေနဲ့ အွန်လိုင်းကနေ အများဆုံးမှာယူကြတယ်လို့
သိရပါတယ်။

ဆမ်ဆောင်းကုမ္ပဏီဟာ အရှေ့တောင်အာရှမှာ ဟွာဝေးနဲ့ တန်းတူ ရပ်တည်ခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ ဈေးကွက်အတွင်းမှာ ဟွာဝေးက ကျော်တက်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီ နောက်ဆုံးမော်ဒယ်လ်မှာ ဆမ်ဆောင်းရဲ့ ကျလက်စပြုနေတဲ့ ဈေးကွက်ကိုပြန်တင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကြိုတင်မှာယူထားသူတွေကိုတော့ မတ်လ ၁ရက်နေ့ကနေ ၃၁အတွင်း မှာယူထားတဲ့နေရာအထိ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အခု နောက်ဆုံးထွက်ရှိတဲ့ ဖုန်းမော်ဒယ်လ်တွေဟာ ဆမ်ဆောင်းရဲ့ ပထမဆုံး 5G Network သုံး စမတ်ဖုန်းတွေလည်း ဖြစ်ပါသေးတယ်။

CNBC

Advertisements
<

Leave a Reply