Advertisements

လော့အိန်ဂျလိစ် ဇန်နဝါရီ ၂၃

ကမ္ဘာ့ငွေကြေး အကျပ်အတည်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ Wall Street ငွေကြေးပျက်ကပ် ဆိုက်ခဲ့တာ ဆယ်စုနှစ်တစ်နှစ်စာရှိခဲ့ပြီး ဒီအကျပ်အတည်းနဲ့ အတူ တစ်ပြိုင်တည်း မြင့်တက်လာတာကတော့ ထိပ်တန်းဘဏ်တွေရဲ့ CEO အဖြစ်တာဝန်ယူထားသူတို့ရဲကလစာတွေပဲဖြစ်ပါတယ်။

ပုံမှန် ဘဏ်မှာလုပ်ကိုင်နေသူတွေရဲ့ လစာဟာ ပုံမှန်အနေအထားမှာသာရှိခဲ့ပေမဲ့ CEOတွေကတော့ မထင်မှတ်လောက်အောင် ဆယ်နှစ်အတွင်း သိသိသာသာ လစာရရှိမှုတွေ တိုးလာပါတယ်။

လေ့လာသူတွေရဲ့ သုတေသနပြုချက်တွေအရ စီးပွားရေးကျပ်တည်းနေတဲ့ကာလတွေနဲ့ စီအီးအိုတွေရဲ့ လစာတွေကို အချိုးချကြည့်တဲ့အခါ တိုးတက်မှု ရလဒ်က ပြောင်းပြန်ဖြစ်နေတာကို သိလာရပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်အရှေ့ပိုင်းမှာဖြစ်ခဲ့တာဖြစ်ပြီး အဲဒီကာလအလွန် Brexit အတွက် ဆွေးနွေးနေတဲ့ ကာလ တွေမှာလည်း လစာပမာဏက ဆက်လက်တိုးတက်နေဆဲပါ။

အမေရိကန် ထိပ်တန်းဘဏ်တစ်ခုမှာ စီအီးအိုအဖြစ်တာဝန်ယူနေတဲ့ မစ္စတာ ဂျေပီမော်ဂန်ဟာ ၂၀၁၈ခုနှစ်အတွင်းမှာ လစာငွေ အမေရိကန်ဒေါ်လာ ၃၁သန်းရရှိခဲ့ပြီး စီပွားရေးကုန်သွယ်မှုနှုန်းရဲ့ ၅ဒသမ၁ရာခိုင်နှုန်းရှိပါတယ်။ သူရဲ့ လစာငွေဟာ ကမ္ဘာ့ငွေကြေးပျက်ကပ်စခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက စလာခဲ့တာ ဖြစ်ပါတယ်။

မော်ဂန်ရဲ့ လက်ထောက် မစ္စတာ ဂျိန်မ်းဂေါ်မန်ဟာလည်း တစ်နှစ်တာအတွင်းမှာ အမေရိကန်ဒေါ်လာ ၂၉သန်းလစာရခဲ့ပြီး ယခင်နှစ်လစာငွေထက် ၇ရာခိုင်နှုန်း တိုးရခဲ့ပါတယ်။

အမေရိကန်မှာရှိတဲ့ အကြီးဆုံးဘဏ်ခြောက်ခုကို သုတေသနပြုလိုက်တဲ့အခါ ဘဏ်ခုရဲ့ အမြတ်ငွေဟာ ၆နှစ်တာအတွင်း ၁၁၇ဒသမ၆သန်းသာရခဲ့ပေမဲ့ ဘဏ်က စီအီးအိုရဲ့လစာကတော့ တစ်နှစ်ကို 32ဒသမ၅သန်းဝင်နေတာကြောင့် ခြောက်နှစ်အတွင်း အမေရိကန်ဒေါ်လာ 195သန်းရနေတယ်လို့ ဖော်ပြနေပါတယ်။

အခြားဘဏ်တစ်ခုရဲ့ စီအီးအိုဖြစ်တဲ့ မစ္စတာဖိလစ်ဝေ့ါမန်းရဲ့ လစာဟာဆိုရင် နှစ်နှစ်အတွင်းမှာ လစာငွေရဲ့ သုံးဆအထိ တိုးရခဲ့တာကြောင့် ပုံမှန်ဝန်ထမ်း 256000ဦးရဲ့ လစာငွေနဲ့ ညီမျှနေတယ်လို့ Financial Times သတင်းစာမှာဖော်ပြပါတယ်။ သာမာန်ဝန်ထမ်းတွေကတော့ တစ်နှစ်ကို လစာငွေရဲ့ ၄ဒသမ၄ရာခိုင်နှုန်းသာ တိုးလေ့ရှိတယ်လို့ သိရပါတယ်။

Bank of America ဘဏ်မှာတော့ ဝန်ထမ်းတွေဟာ တစ်နှစ်ကိုလစာငွေ ၂ဒသမ၂သန်းတိုးပြီး စီတီအုပ်စုကလုပ်ကိုင်တဲ့ Well Fargo ဘဏ်မှာတော့ တစ်နှစ်ကို ၄ဒမသ၂ရာခိုင်နှုန်းတိုးပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေနဲ့ စီအီးအိုကြားထဲက လစာကွာဟမှုဟာ အဆပေါင်း ၂သိန်းကျော်ရှိနေပါတယ်လို့ Financial Timesသတင်းစာကရေးသားခဲ့ပါတယ်။

AFP

Advertisements
<

Leave a Reply