(ဓါတ်ပုံ အညွှန်း – ကင်းချောင်းကျေးရွာတွင် ဆယ်အိမ်စုမှူးများရွေးချယ်မှု ပြဿနာဖြေရှင်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ကြစဉ်)

မုဒုံ၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာတွင် ဆယ်အိမ်စုမှူး အရွေးချယ်ခံရန် မဲဆွယ်စည်းရုံးစဉ် ရွာသူ၊ ရွာသားများကို ပေးထားသည့် ထဘီများနှင့် အတိုးချထားပေးသည့် ငွေများကို မဲမပေးခြင်းကြောင့် ပြန်လည် သိမ်းဆည်းခဲ့ကြောင်း ဒေသခံရွာသား ဦးအောင်တိုးက ဟင်္သာမီဒီယာကို ပြောသည်။

(ဓါတ်ပုံ အညွှန်း – ကင်းချောင်းကျေးရွာတွင် ဆယ်အိမ်စုမှူးများရွေးချယ်မှု ပြဿနာဖြေရှင်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ကြစဉ်)
(ဓါတ်ပုံ အညွှန်း – ကင်းချောင်းကျေးရွာတွင် ဆယ်အိမ်စုမှူးများရွေးချယ်မှု ပြဿနာဖြေရှင်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ကြစဉ်)

ထိုထဘီများကို ဆယ်အိမ်စုမှူး ရွေးချယ်သည့် ဖေဖော်ဝါရီ ၈ ရက် မနက်ခင်းပိုင်းတွင် နေအိမ်သို့ လာရောက် ပေးဝေထားကြောင်း ရွာသားများထံမှ စုံစမ်းသိရှိရသည်။

“ကျွန်တော်ကတော့ စိတ်သန်ရာ ထည့်တာပေါ့၊ ပြီးသွားတော့မှ သူကပြန်လာပြီး သူတို့ကို မဲမထည့်ဘဲ ဟိုဘက်ကို မဲထည့်လိုက်လို့ဆိုပြီး မဲဆွယ်ထားတဲ့ထဘီ ပြန်လာယူသွားတယ်”ဟု ဦးအောင်တိုးက ပြောသည်။

ကင်းချောင်းရွာ ဆယ်အိမ်စုမှူး ရွေးချယ်ရာတွင်လည်း ဆယ်အိမ်စု ရေတွက်ရာ၌ အိမ်ကျော်ရေတွက်၍ ရွေးချယ်မှုများ ရှိနေကြောင်း ကင်းချောင်းရွာသားများက ပြောဆိုနေကြသည်။

“ကျွန်တော်တို့ရွာက လူတစ်ယောက်က ငွေရေးကြေးရေး အဆင်မပြေလို့ အုပ်ချုပ်ရေးမှူးဆီက ငွေငါးသိန်း ယူထားတယ်၊ ဒီငွေတွေက မီးသတ်ကား ဝယ်ဖို့ ရန်ပုံငွေတွေ၊ ပြီးတော့ သူက ဆယ်အိမ်မှူးအတွက် ထောက်ခံမဲ မပေးခင်မှာ သူတို့ကို မဲမထည့်ရင် ဒီငွေ ငါးသိန်းကို ပြန်သိမ်းမယ်လို့ ပြောတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

ကြီးကြပ်ရေးမှူး ရွေးစဉ်အခါကလည်း ကျေးရွာပြည်သူများကို ကြော်ငြာခြင်းမရှိဘဲ အစည်းအဝေးလုပ်ခဲ့ကာ ကျေးရွာတွင် အိမ်ခြေ ၃၃ဝ ရှိသည့်အနက်မှ အိမ်ခြေ ၂ဝ ခန့်သာ တက်ရောက်၍ ကြီးကြပ်ရေးမှူး ရွေးချယ်ပွဲကို အတည်ပြုခဲ့ကြကြောင်း ကျေးရွာဆယ်အိမ်စုမှူး ဦးကိုကိုက ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၉ အရ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဥပဒေပုဒ်မ ၅ တွင် ပါဝင်သော အချက်အလက်များနှင့်အညီ ဇန်နဝါရီ ၁၅ ရက်ကို နောက်ဆုံးထား ရွေးချယ်လျက်ရှိကာ အရှုံး အနိုင်ကို သမာသမတ်ကျကျဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု မုဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဒု-ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က ဆိုသည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူး သက်တမ်းသည် ဇန်နဝါရီလ ၃၁ ရက်တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ထိုဥပဒေကို ပြင်ဆင်သည့်ဥပဒေကို တင်သွင်းထားကြောင်းလည်း သိရသည်။

Leave a Reply