အခြေခံပညာဆရာ၊ ဆရာမများ၏ အပြောင်းအရွှေ့နှင့် ရာထူးတိုးခြင်းများကို၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မူတည်၍ လုပ်ဆောင်သင့်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးငွေတိုးကပြောသည်။

teacher

ယခင်ကဆရာ၊ ဆရာမများ၏ အပြောင်းအရွှေ့နှင့် ရာထူးတိုးခြင်းကို ၎င်းတို့လုပ်သက်ဖြင့်သာပညာရေးဌာနမှ ဆုံးဖြတ်ခဲ့သော်လည်းယခုအခါတွင် ဆရာ၊ ဆရာမများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မိဘပြည်သူများနှင့်၎င်းတို့လုပ်ဖော်ကိုင်ဖက်များကဆုံးဖြတ်သင့်ကြောင်း ၎င်းက ဆိုသည်။

“အရင်ကအထက်ကနေအောက်ကိုပဲဆုံးဖြတ်နေကြတာ၊ အောက်ခြေကလည်းညွှန်ချုပ်အထိစွမ်းဆောင်ရည်ပေါ် ပြန်ဆုံးဖြတ်သင့်တယ်”ဟု ၎င်းက ပြောဆိုသည်။
ဆရာ၊ ဆရာမများ၏ အပြောင်းအရွှေ့နှင့် ရာထူးတိုးခြင်းများကိုနိုင်ငံဝန်ထမ်းဥပဒေတွင် လုပ်သက်တစ်ခုသာမဟုတ်ဘဲလုပ်ငန်းစွမ်းဆောင်ရည်လည်းပါရှိကြောင်း ၎င်းက ရှင်းပြသည်။

ထိုအပြောင်းအရွှေ့နှင့် ရာထူးတိုးခြင်းများကိုလုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ လုပ်ဆောင်ခြင်းအားလက်ရှိပညာရေးဌာနမှ လက်ခံမှုမရှိဘဲကန့်ကွက်မှုများရှိနေကြောင်းလည်း ၎င်းက ရှင်းပြသည်။

လက်ရှိပညာရေးစနစ်အနေဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချသောပညာရေးစနစ်ကိုသတ်မှတ်ပြီးပါက နိုင်ငံဝန်ထမ်းနည်းဥပဒေနှင့် ကိုက်ညီမှုရှိစေရန် နည်းဥပဒေအရသာဆောင်ရွက်သွားမည်ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဦးငွေတိုးကပြောဆိုသည်။

Leave a Reply