ဆားလုပ်ငန်းကဏ္ဍ မဟာဗျူဟာမြောက် ဈေးကွက်ဖော်ဆောင်ရေး ဆွေးနွေးမည်

မော်လမြိုင် ၊ သြဂုတ် ၈

မြန်မာ့ဆားလုပ်ငန်းကဏ္ဍ မဟာဗျူဟာမြောက် ဈေးကွက်ဖော်ဆောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်၊ မြို့ရှောင်လမ်းရှိ တော်ဝင်ဟင်္သာ ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပဆားသွင်းကုန် အစားထိုးလျှော့ချနိုင်ရန်၊ ဆားထုတ်လုပ်မှုနည်းပညာဖလှယ်ပြီး အဆင့်မြင့် လုပ်ဆောင်နိုင်ရန်၊ ဆားထွက်ကုန်နှင့် ဆားအခြေပြုလုပ်ဆောင်နေသော လုပ်ငန်းရှင်များ၊ ဆက်စပ်ကဏ္ဍများမှ လိုအပ်ချက်များကို အချင်းချင်း ပေါင်းစပ်ညှိနှိုင်းနိုင်ရန် ရည်ရွယ်ပြုလုပ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ မွန်ပြည်နယ်ဆားလုပ်ငန်းရုံး၊ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို အထက်ပါဌာနနှင့်အတူ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(မွန်)၊ ဆားလုပ်ငန်းရှင်အသင်း(မွန်ပြည်နယ်)တို့ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.