၁။ တစ်ချိန်က မော်လမြိုင်မြို့ပေါ်တွင် ဆိုက္ကားစီးရေ ၁၀ဝ၀ ကျော်ရှိခဲ့ရာမှ အခုအချိန်တွင် စီးရေ ၂၀ဝ ခန့်သာ ကျန်ရှိတော့တယ်။

ဆိုက္ကားလို့ ခေါ်တဲ့ သုံးဘီးတပ်အနှေးယာဉ်ဟာ ၁၉၆၀ ခုနှစ်ဝန်းကျင်အချိန်က မြို့ပြလူနေမှု စနစ်အောက်မှာ စတင်ပေါက်ဖွားလာပါတယ်။ မြို့ပြနေ အခြေခံလူတန်းစားတို့ရဲ့ သွားလာရေးအဆင်ပြေအောင် တစ်ဖက်တစ်လမ်းကနေ ပို့ဆောင်ပေးခဲ့တဲ့ ဆိုက္ကားအနှေးယာဉ်ဟာ ဒီဘက်ခေတ်ရောက်တော့ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီတွေက သူ့နေရာကို အစားထိုး ဝင်ရောက်လာတယ်။ ကာယအရင်းအနှီးနဲ့ လုပ်ကိုင်နေကြရတဲ့ ဆိုက္ကားနင်းသူတွေဟာ အခြားအလုပ်ကို ပြောင်းလဲလုပ်ကိုင်လာကြလို့ ဆိုက္ကားများလည်း တစ်ဖြေးဖြေး နည်းပါးလာပြီ ဖြစ်ပါတယ်။

Leave a Reply