ကျိုက်ထို၊ ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်ကလေးကျေးရွာအနီးရှိ ကျိုက်ထို-ကင်းမွန်းချောင်းလမ်းတွင် ဇန်နဝါရီ ၉ ရက် ည ၁၀ နာရီခွဲက ဆိုင်ကယ်နှစ်စီး ကားလမ်းအလယ်၌ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆိုင်ကယ်ပေါ်ပါသူလေးဦးသည် ရန်ကုန်ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသခဲ့ရကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

acid-kyaik-hto
ကင်မွန်းချောင်းကျေးရွာမှ ကျိုက်ထိုဘက်သို့ ဦးဝဏ္ဏ (၂၄ နှစ်) မောင်းနှင်သည့် Wave 100 ခဲရောင်ဆိုင်ကယ်နှင့် ယင်းဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်းလာသည့် ဦးနောင်နောင် (၂၇ နှစ်) မောင်းနှင်သည့် လော်ဂျား အနက်ရောင် ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဦးဝဏ္ဏမောင်းနှင့်သည့် ဆိုင်ကယ်အနောက်တွင် ခင်ခင်ချို လိုက်ပါစီးနှင်လာပြီး ဦးနောင်နောင် မောင်းနှင့်သည့် ဆိုင်ကယ် အနောက်တွင် အောင်ဇင်ဦးတို့ လိုက်ပါစီးနှင်လာခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းသူ ဦးဝဏ္ဏနှင့် ဦးနောင်နောင်တို့ နှစ်ဦးကို ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ)၅/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

Leave a Reply