Advertisements

မတ်စကတ် ဖေဖော်ဝါရီ ၆

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ရှိ အဆောက်အအုံပျက် ၁၀ဝဝဝ ဝန်းကျင်တွင် နေထိုင်နေရသည့် မိသားစုပေါင်း ၄၀ဝ၀ ကို လုံခြုံစိတ်ချရသည့် အိမ်ရာများသို့ ဆီးရီးယားအစိုးရ ရှိသူများက ရွှေ့ပြောင်းပေးမည်ဟု ဖေဖော်ဝါရီလ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလက်ပိုမြို့ အရှေ့ဘက်ပိုင်းတွင် ဖေဖော်ဝါရီ ၂ ရက် က အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့ရသည်။ အဆိုပါ အဆောက်အအုံသည် ဆာလာဟူဒင်ရပ်ကွက်ရှိ ၎င်းတို့နေထိုင်သည့် ငါးထပ် အဆောက်အအုံဖြစ်ပြီး ၂၀၁၆ ခုနှစ် မတိုင်မီက သူပုန်များ ၏ ထိန်းချုပ်မှု အောက်တွင် ရှိခဲ့သည်။

Advertisements
data-language="en"

ယင်းမိသားစုများ၏ နေအိမ်များ ပြင်ဆင်ခြင်း သို့မဟုတ် ပြန်လည်တည်ဆောက်ပြီးသည့်တိုင် အကူအညီပေးမည်ဟု အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြသည်။

ယခင်တစ်ချိန်က ဆီးရီးယား၏ စီးပွားရေး အချက်အခြာ ဖြစ်ခဲ့သော အလက်ပို မြို့ကို ပြီးခဲ့သည့် ၃ နှစ်အတွင်း အစိုးရ တပ်ဖွဲ့များနှင့် သူပုန်များက တစ်ဝက်စီ ထိန်းချုပ်ခဲ့ကြသည်။

ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အလက်ပိုမြို့ဟောင်းသည် မြေပြင်တိုက်ပွဲများနှင့် ဗုံးဒဏ်များကြားတွင် ၆၀ကျော် ပျက်စီးခဲ့ရပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ကြရသည်။

ဆာလာဟူဒင်ဒေသသည် ဆီးရီးယားသူပုန်များနှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ရာနယ်မြေဖြစ်ပြီး ယင်းဒေသရှိ အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။

CNN

Leave a Reply