မော်လမြိုင် သြဂုတ် ၃၀

မော်လမြိုင်မြို့ သရက်ကုန်းရပ်ကွက်၊ ကုလာမကြီးကုန်းလမ်းတွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်လူ တစ်ဦးဆွဲကြိုးချ သေဆုံးခဲ့ကြောင်း မုပွန်ရဲစခန်းမှ သိရသည်။

သေးဆုံးသူမှာ ဦးမြင့်ဝေ အသက် ၅၃ နှစ်ဖြစ်ပြီး တစ်ယောက်ထဲနေထိုင်သူဖြစ်ကြောင်းသိရသည်။ နေအိမ်အရှေ့တွင် နိုင်လွန်ကြိုးအပြာရောင်ဖြင့် သက်သေခဲ့ကြောင်းသိရသည်။

“သူကတစ်ယောက်ထဲနေတာ လူပျိုကြီး လွန်ခဲ့တဲ့တစ်ပတ်လောက်က တော်ဝင်ဆေးရုံမှာ သွားပြထာတယ် ဆီးကျောက်တည်တဲ့ရောဂါရှိတယ်ဆိုလို့ အဲ့နေ့မနက်ကျမှ သူအကိုက ဆေးခန်းသွားပြန်ပြဖို့ အိမ်မှာလာခေါ်တဲ့အခါ ဆွဲကြိုးချ သတ်သေထားတာတွေ့ရတယ် စာတစ်စောင်လဲ ရေးထားခဲ့သေတယ် ဘယ်သူ့ ပရောဂမှမပါ လို့” ဟု မုပွန်ရဲစခန်း မှ ဒုရဲမှူး သန့်ဇင် မှ ရှင်ပြသည်။

ထို သေဆုံးမှုကို မုပွန်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၉/၁၉ ဖြင့်အမှုဖွင့်ထားကြောင်း မုမွန်ရဲစခန်းထံမှသိရ သည်။

စိုင်းထွန်းစံ ၊လဲ့လဲ့ဝင်း

Leave a Reply