Photo Credit - Mercola

ဆောင်းကာလသည် ချမ်းအေးသောကြောင့်ကျွန်မတို့၏အရေပြားနှင့်ဦးရေပြားတို့သည်ခြောက်သွေ့ကြမ်းတမ်း နေတတ်ကြသည်။ဦးရေပြားတို့ခြောက်သွေ့သည်နှင့်အညီ ဆောင်းနှင့်ဗောက်သည်ယှဉ်တွဲလျက်ရှိနေပြန် သည်။ဗောက်ဆိုသည်မှာ ဦးရေပြားတွင်ကပ်နေသော အဖြူရောင်အဖတ်လေးများဖြစ်သည်။ဗောက်ရှိနေ သောခေါင်းသည်ကြည့်၍ မတင့်တယ်သကဲ့သို့ ဦးရေပြားလည်းယားယံနေတတ်သည်။

အမျိုးသားများသည်အမျိုးသမီးများထက်ဗောက်ပိုထလေ့ရှိသည်။အထူးသဖြင့်အဆီပြန်တတ်သောအမျိုးသား များတွင်ပိုမိုဖြစ်လေ့ရှိသည်။ဗောက်ပိုမိုဖြစ်စေသောအကြောင်းရင်းအချို့ကိုလည်းဝေမျှပေးလိုသည်။ဦးရေပြား ခြောက်သွေ့သောရာသီဥတုနှင့်ကြုံခြင်း၊ခေါင်းလျှော်ရည်နှင့်မတည့်ခြင်း၊ဆံပင်ပုံမှန်မဖြီးခြင်း၊ရောဂါအခံရှိနေ တတ်ခြင်း(လေဖြတ်ရောဂါ၊နှလုံးရောဂါ)၊စားသောက်မှုပုံစံမှားယွင်းနေခြင်း(ဇင့်နှင့်ဗီတာမင်ဓာတ်များနည်းပါး နေခြင်း)၊အသက်အရွယ်အလိုက်ဟော်မုန်းပြောင်းလဲခြင်း၊စိတ်ဖိစီးမှုများခြင်းတို့ဖြစ်သည်။

မပျောက်လွယ်သောဗောက်များလျော့ပါးစေရန်အတွက် စိတ်ဖိစီးမှုတွေဖြေလျော့ပေးဖို့လိုအပ်သည်။ဆောင်း တွင်းကာလတွင် ဦးရေပြားအဆီပြန်လွယ်သူများသည် မကြာခဏခေါင်းလျှော်ပေးဖို့ လိုအပ်သည်။ဦးရေပြား ကိုနေရောင်ခြည်နှင့်ထိတွေ့ပေးခြင်းဖြင့် ဗောက်ကိုသက်သာစေသည်။အပူ၊အချို၊အစပ်စသည့်တစ်ဖက်လွန် အစားအစာများကိုရှောင်ကြဉ်ခြင်းဖြင့်လည်း ဗောက်ကိုသက်သာစေသည်။

ဆောင်းကာလနှင့်ဦးရေပြားခြောက်တတ်သူများအနေဖြင့်ဝါတဒေါသများလွန်းနေသဖြင့် ဝါတစာများ(လေစာ)ကို လျော့စားရမည်။အဆီပြန်တတ်သူများအနေဖြင့် အဆီများသည့်အစားအစာများကိုလျော့စားရမည်။ ဗောက်ဖြစ် စေသောအစားအစာများမှာ ကြေကျက်ခဲသောအစားအစာများ၊ အနီရောင်အသားတို့ကိုရှောင်ကြဉ်ရမည်။ ဗောက်ထခြင်းပြဿနာကိုသဘာဝအစားအစာများစားသောက်ခြင်း၊ဝမ်းမီးကိုကောင်းအောင်ပြုပြင်ပေးခြင်းများ ဖြင့်သက်သာစေနိုင်သည်။

ကျွန်မတို့သည်ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများ၏ကျန်းမာရေးကိုဂရုပြုမိကြသော်လည်း ဦးရေပြား၏ကျန်း မာရေးကိုဖြင့်ဂရုမပြုမိကြပေ။ဦးရေပြား၏မကျန်းမာသောလက္ခဏာများမှာ ဆံပင်ကျွတ်ခြင်း၊ဦးခေါင်းယားယံ ခြင်း၊ ဗောက်ထခြင်း၊ဆံပင်ပါးခြင်း၊ဦးရေပြားခြောက်သွေ့ခြင်း၊ဆံပင်အရောင် များဖျော့တော့နေခြင်း၊ဆံပင်ကြမ်း တမ်းခြင်း၊ဦးရေပြားတွင်အနာပေါက်ခြင်း၊ဆံပင်ကွက်ပြီးကျွတ်ခြင်း၊ ကုတ်လိုက်လျှင်ဦးရေပြားစပ်နေခြင်းတို့ ဖြစ်သည်။

ဦးရေပြားမကျန်းမာခြင်းကိုဖြစ်စေသောအကြောင်းများမှာ ဓါတုဆေးပစ္စည်းများဖြင့်ခေါင်းလျှော်ခြင်း၊ပျော့ဆေး များသုံးခြင်း၊နေပူထဲတွင်အကာမပါဘဲ အသွားများခြင်း၊စိတ်ဖိစီးမှုများခြင်း၊ခေါင်းလျှော်ပြီးသည့်အခါဆံပင်များ ကိုပြောင်စင်အောင်မသုတ်ခြင်း၊ခေါင်းကိုညစ်ပတ်သောလက်များဖြင့်ကုတ်ခြင်း၊ဆံပင်ကိုမကြာခဏကောက်ခြင်း၊ ဖြောင့်ခြင်းစသည်တို့ဖြစ်သည်။

ပူပြင်းသောကျွန်မတို့မြန်မာနိုင်ငံ၏ ရာသီဥတုမျိုးတွင် ဦးခေါင်းတွင်မကြာခဏချွေးထွက်လေ့ရှိကြသည်။ထိုအ ညစ်အကြေးများမှတဆင့် ဦးရေပြား၏ကျန်းမာရေးကိုထိခိုက်စေခြင်းဖြစ်နိုင်သည်။နေရောင်ခြည်အများအပြား ထိသောဆံပင်သည်လည်းခြောက်သွေ့စေပြီး ဦးရေပြားနှင့်ဆံပင်အမြစ်များကိုအားနည်းစေသည်။သို့ပါသော ကြောင့်ပူပြင်းသောနေရောင်အောက်တွင် အချိန်အကြာကြီးနေမည်ဆိုပါက ဆံပင်များကိုကာကွယ်ပေးသည့် ဦးထုပ်၊အဝတ်စများဖြင့်အကာအကွယ်ယူပြီးမှသွားသင့်သည်။နေပူခံများသူများသည်ငယ်ထိပ်နေရာတွင်ကွက် ပြီး ဆံပင်များကျွတ်နေသည်ကိုမကြာခဏမြင်ဖူးပါ၏။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြောင့်လည်း ဦးရေပြားကျန်းမာရေးကိုထိခိုက်စေပါ၏။ဦးခေါင်းကိုနှိပ်နှယ်ခြင်း ဖြင့်လည်း ဦးရေနှင့်ဆံပင်ကျန်းမာရေးုကိုကောင်းမွန်စေပါ၏။သို့ပါသောကြောင့်မကြာခဏနှိပ်နှယ်ပေးသင့် သည်။နှိပ်နှယ်ပေးခြင်းဖြင့် ဦးရေပြားတင်းမာမှုကိုလျော့ကျစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေသည်။
အနားယူခြင်းသည်လည်းဦးရေပြားကျန်းမာရေးကိုအထောက်အကူပြုစေသည်။
ခေါင်းလျှော်သည့်အခါဓာတု ပစ္စည်းများစွာပါဝင်သောခေါင်းလျှော်ရည်များကိုမသုံးဘဲ သဘာဝခေါင်းလျှော်ရည်ဖြစ်သည့်တရော်ကင်ပွန်း ခေါင်းလျှော်ရည်ကိုသာသုံးသင့်သည်။တရော်ကင်ပွန်းသည်ဦးရေပြားကိုအေးမြစေသည်။ဆံပင်ကိုနက်မှောင် စေပြီးသန်စွမ်းစေသောတန်ခိုးထူးလည်းရှိသည်။ဆံပင်ဖြူခြင်းမှလည်းကာကွယ်ပေးသည်။ခေါင်းလျှော်ရာတွင် ဆံပင်ကိုရေနွေးဖြင့်လျှော်ပြီးရေအေးဖြင့်ဆေးကြောခြင်းသည် ဆံပင်ကိုသန်စွမ်းစေသောတန်ခိုးထူးရှိ၏။

အချို့ဆံပင်ဖြူသူများအနေဖြင့်လည်း ဓာတုဆေးဝါးများပါသော ဆံပင်နက်ဆေးများကိုအသုံးမပြုကြဘဲ ဒန်းရွက် ကိုအခြောက်ခံပြီးပြုလုပ်ထားသော ဆံပင်ဆိုးဆေးများဖြင့်သာဆိုးသင့်သည်။ယနေ့ခေတ်တွင်ဆံပင်အလှအ တွက်ဆံပင်ဖြောင့်ခြင်း၊ဆံပင်ကောက်ခြင်းများ၌အသုံးပြုနေသော ဆိုးဆေး၊ဖြောင့်ဆေး၊ကောက်ဆေးများသည် ဆံပင်ဦးရေပြားကိုခြောက်သွေ့စေပါ၏။ပြင်းထန်သောဆံပင်ဆိုးဆေးများကြောင့်ဦးရေပြားတွင်အနာများဖြစ် ပြီးထိုအနာများသည် ယားနာအသွင်ပြောင်းကာတစ်ကိုယ်လုံးသို့ပျံ့နှံ့သွားသောအဘွားတစ်ယောက် ကိုလည်းမြင်ဖူးပါ၏။

အချို့ခေါင်းလျှော်ရည်များတွင်ပါသောဆံပင်ပျော့ဆေးများသည်လည်း ဆံပင်၏အပေါ်ယံအလွှာပရိုတိန်းကိုပျက် စီးစေ၏။ဦးရေပြားကိုလည်းခြောက်သွေ့စေ၏။ဆံပင်ပျော့ဆေးအများစုသည် ဆံပင်၏အဆီလွှာအတွက်အနည်း ငယ်သာအကျိုးပြုသည်။ဆံပင်ကိုမွဲခြင်းနှင့်ခြောက်သွေ့ခြင်းကိုသာဖြစ်စေသည်။သို့ဖြစ်ပါ၍ ဆံပင်ပျော့ပျောင်း စေရန် ဒိန်ချဉ်ကိုအသုံးပြုနိုင်သည်။

ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောအကြောင်းများမှာ ခန္ဓာကိုယ်အပူချိန်ကြောင့်လည်းကောင်း၊ပြင်ပအပူချိန်ကြောင့် လည်းကောင်း၊စိတ်ဖိစီးမှုများခြင်း၊ကိုယ်ဝန်ဆောင်ချိန်၊သွေးဆုံးချိန်၌ ဟော်မုန်းပြောင်းလဲခြင်း၊သွိုင်းရွိုင်းဂလင်း ဖောက်ပြန်ခြင်း၊ဆေးဝါးများသုံးစွဲခြင်း၊ဖျားနာခြင်း၊ဓါတ်မတည့်ခြင်း၊ဆံပင်ကောက်ဆေး၊ဆံပင်ဆိုးဆေးများလွန်ကဲစွာသုံးခြင်း၊မျိုးရိုးလိုက်ခြင်းစသည်တို့ဖြစ်သည်။ဦးရေပြားကိုအုန်းဆီစစ်စစ်ဖြင့် နှိပ်နှယ်ပေးခြင်းဖြင့် ဦးရေ ပြားတင်းမာမှုကိုလျော့နည်းကာ ဆံပင်ကျွတ်ခြင်းကိုသက်သာစေပါသည်။ဆံပင်များရှုပ်ထွေးနေချိန်တွင် ဖြေးညင်းစွာခေါင်းဖီးခြင်းမျိုးကိုပြုလုပ်ပေးခြင်းသည်လည်း ဆံပင်ကျွတ်ခြင်းကိုသက်သာစေသည်။

ဦးရေပြားတွင်အနာဖြစ်သောအခါ တိုင်းရင်းဆေးခန်းသုံးဆေးနံပါတ် ၆ဟလိဒ္ဒစုဏ္ဏဆေးကိုအုန်းဆီဖြင့်လိမ်း ပေးနိုင်သည်။လက်ဖြင့်ကုတ်ခြစ်ခြင်း၊ကုတ်ဖဲ့ခြင်းမျိုးကိုလည်းရှောင်ကြဉ်ရမည်။ဦးရေပြားတွင်အနာဖြစ်နေ သောအချိန်တွင်အငန်နှင့်အစပ်ကိုလျော့၍စားသုံးပေးရမည်။တမာရွက်ပြုတ်ရည်ဖြင့်လည်း ခေါင်းလျှော်ပေး နိုင်သည်။
ဆံပင်ကိုအားကောင်းပြီး ဦးရေပြားကျန်းမာရေးအတွက် ကျိတ်မှန်ရွက်၊ဒန်းရွက်၊လက်ဖက်စိမ်း၊ ဆီးဖြူသီး၊ ထောလပတ်ရွက်၊ သံပုရာသီး၊ကြက်ဥ၊ဒိန်ချဉ်၊တရော်၊ကင်ပွန်းသီးတို့ကိုစားသုံးပေးသင့်သည်။ကျိတ်မှန် သည်ဆံပင်များကိုနက်မှောင်စေသည့်အပြင်ဦးရေပြားကျန်းမာရေးကိုကောင်းမွန်စေသည်။ဒန်းရွက်သည်လည်း အဆိပ်အတောက် ကင်းစေသည်။လက်ဖက်စိမ်းသည်လည်း ဆံပင်ကိုနက်မှောင်စေသည့်အပြင် ဗီတာမင်အီး နှင့်ဗီတာမင်စီကိုကြွယ်ဝစေပြီး ဆံပင်ကိုနူးညံ့ပျော့ပျောင်းစေသည်။
သံပုရာသီးသည်လည်းဗောက်ကိုကင်း ရှင်းစေသည်။ကြက်ဥသည်လည်းဆံပင်နှင့်ဦးရေပြားကိုကျန်းမာစေရန်အားဖြည့်ပေးသည်။ထောလပတ်ရွက် သည်ဆံသားကိုအေးမြပြီး နက်မှောင်စေသည်။ဒိန်ချဉ်သည်ဆံပင်ကို ပျော့ပျောင်းစေသည်။တရော်သည် ဆံပင် ကိုနူးညံ့ပြီပျော့ပျောင်းစေသည်။ကင်ပွန်းသီးသည် ဆံပင်တွင်ကပ်ညှိနေသောကြေးညှော်များကိုတိုက်ချပေး သည့်အပြင် ဦးရေပြားကိုအေးစေသည်။ဆံပင်ကိုအနံ့အသက်ကင်းစေပြီး သန်စွမ်းကာဖြောင့်စင်းပြီးမည်းနက် စေသည်။ဆံပင်နှင့်ဦးရေပြားအတွက် သင့်တော်သောအစားအစာများမှာ သံဓါတ်၊ကန့်ဓါတ်၊သွပ်ဓါတ်၊ဗီတာမင် -ဘီကွန်ပလက်၊ဗီတာမင်-စီ၊ဖက်တီး အက်ဆစ်များပါဝင်သည့် ပရိုတင်းနှင့်သတ္ထုဓါတ်ညီညွှတ်မျှတသည့် အစာတို့ဖြစ်သည်။

ဦးရေပြားကျန်းမာရေးအတွက် နေပူထဲသွားလျှင် ဦးထုပ်၊အဝတ်ဖြင့်အကာအကွယ်ယူပြီးသွားပါ။ဘီး၊ခေါင်းအုံး စွပ်၊မျက်နှာသုတ်ပဝါ၊တဘက်များကိုသန့်သန့်ရှင်းရှင်းထားရမည်။ခေါင်းကိုလည်းတစ်နေ့၂ခါသာဖီးသင့်ပါ သည်။ဦးရေပြားကျန်းမာရေးအတွက်စားသုံးသင့်သောအစားအစာများမှာ ဆယ်လ်မွန်ငါး၊ဟင်းနုနယ်ရွက်၊ စိမ်း မှောင်နေသောအရောင်ရှိသည့်ဟင်းသီးဟင်းရွက်များ၊ပဲသီး၊ဗိုလ်စားပဲ၊ပဲနီလေး၊သစ်ကြားသီး၊သီဟိုဠ်စေ့၊နေကြာစေ့၊ကြက်ဥ၊ဆိတ်သား၊အမဲသား၊မုတ်ကောင်၊မုံလာဥနီ၊အဆီထုတ်ပြီးသားနို့ထွက်ပစ္စည်းတို့ဖြစ်သည်။

ပရိုတိန်းဓါတ်များကိုပြည့်ဝအောင်စားသုံးပေးရမည်။ပရိုတိန်းဓါတ်သည် အမွှေးအမျှင်များကိုသန်မာကြီးထွားစေ သည်။ပျားရည်ကိုဆံပင်မှာသုတ်လိမ်းပေးခြင်းသည်လည်း သန်စွမ်းစေသောဆံသားများကိုပိုင်ဆိုင်စေပြီးဦးရေ ပြားကိုလည်းအေးမြစေသည်။ရေနွေးဖြူသောက်ပေးခြင်းသည်လည်း ဦးရေပြားရှိအပေါက်လေးများကိုပွင့်စေပြီး အောက်ဆီဂျင်ကိုပိုမိုစုပ်ယူနိုင်သောကြောင့် ဆံပင်အမြစ်ကိုခိုင်မာလာစေသည်။
ဦးရေပြားကျန်းမာရေးအတွက် တကိုယ်ရေသန့်ရှင်းမှုရှိရန်လည်းဂရုပြုရမည်။ထို့အတူ ဦးရေပြားကျန်းမာရေးအတွက် ဝါ၊စိမ်း၊နီရှိသောသစ်သီး ဝလံများကိုစားရင်း ဦးရေပြားကိုထိန်းသိမ်းကြစေလိုသည်။

မုဒိတာ (တောင်သာ)

Photo Credit – Mercola

Leave a Reply