ထားဝယ် ၊ မေ ၁၃

ဆေးရုံ ၊ ဆေးခန်းများ တွင် အသုံးပြုပြီးသား အန္တရယ် ရှိစွန့်ပစ်ပစ္စည်း များကို မီးရှို့ဖျက်ဆီးရန် ဇဟာသုဿာန် တွင် မီးသဂြိုလ်စက်ငယ် တစ်လုံးတည်ဆောက်၍ မီးရှို့ပေးလျက်ရှိသော်လည်း အချို့သော ပုဂ္ဂလိ ကဆေးရုံများ နှင့်ဆေးခန်များမှာ အန ္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ လာရောက်အပ်နှံခြင်းမရှိကြောင်း နာရေးကူ ညီမှု(ထားဝယ်) အဖွဲ့ထံမှ သိရသည်။

“လာမအပ်တဲ့ ဆေးရုံ၊ ဆေးခန်းတွေလည်းရှိတယ်“ ယင်းနာရေးကူညီမှု(ထားဝယ်)အဖွဲ့မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ဆိုသည်။

အဆိုပါအန ္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား မီးရှို့ရန် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှတာဝန်ရှိသူများက ရက်သတ္တတစ်ပတ်လျင် အနည်းဆုံး ၄ရက် လာရောက်အပ်လေ့ရှိကြောင်း ၎င်းက ပြောသည်။

အချို့သော ပုဂ္ဂလိက ဆေးရုံ နှင့် ဆေးခန်းများမှာ အမှိုက်သိမ်းယာဉ်များထံ အန္တရာယ်ရှိ စွန့်ပစ်များကို အပ်နှံ လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အထူးသဖြင့် ဆေးရုံခွဲစိတ်ခန်းမှထွက်သော ပစ္စည်းများနှင့် ဆေးခန်းများမှထွက်သော ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ နှာခေါင်းပိတ်စသော ပစ္စည်းများမှာ အန ္တရာယ်ရှိသည့် ပစ္စည်းများဖြစ်၍ မီးရှို့ဖျက်ဆီး ရန်လိုကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

“ကျွန်တော်တို့ အားနည်းချက်လဲ့ပါမယ်၊ ကျွန်တော်တို့က ဆေးရုံ/ဆေးခန်းတွေကို ခင်ဗျားတို့မှာ စွန့်ပစ်ပစ္စည်းရှိရင် ဒီမှာလာစွန့်လို့ရပါတယ်လို့ ပြောထား တာမျိုးမရှိဘူး”ဟု နာရေးကူညီမှု(ထားဝယ်)အဖွဲ့မှ ဦးအောင်နိုင်ဦးက ဆိုသည်။

Clean Daweiအဖွဲ့မှ ရပ်ကွက်များအတွင်း အမှိုက်စွန့်ပစ်နေမှုအခြေအနေများအား ဆာဗေးပြုလုပ်စဉ် ပုဂ္ဂလိက ဆေးရုံ ၊ ဆေးခန်းများမှ မည့်သို့အမှိုက်စွန့်ပစ်နေသည်ကိုသိရမည်ဖြစ်ပြီး စွန့်ပစ်အမှိုက် နှင့်ပတ်သက်၍ အသိပညာပေးခြင်းကိုလည်း ပြုလုပ်သွားမည်ဟုClean Daweiအဖွဲ့အား ဦးဆောင်နေသူများထံမှ သိရသည်။

၂၀၁၃ခုနှစ်တွင် ပြဌာန်းခဲ့သော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာဥပဒေတွင် ပုဂ္ဂလိကဆေးရုံ ၊ ဆေးခန်း၊ သားဖွားခန်း၏ အင်္ဂါရပ်များ၌ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး၊ ကူးစက်ရောဂါမပြန့် ပွားစေရေးနှင့် စွန့်ပစ်ပစ္စည်း များကို သတ်မှတ်ထားသောစံနှင့် အညီ စနစ်တကျ စွန့်ပစ်ရေးတို့အတွက် ဆောင်ရွက်ထား ရန်ဖော်ပြထားသည်။

လိုက်နာဆောင်ရွက်ရန်ပျက်ကွက်လျင် သက်ဆိုင်ရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းအတွက် လိုင်စင်ထုတ်ပေး ပိုင် ခွင့်ရှိသော ဗဟိုအဖွဲ့နှင့် ပြည်နယ်၊တိုင်း ဒေသကြီးကြီးကြပ်ရေးကော်မတီတို့သည် သက်ဆိုင်ရာလိုင်စင် ရရှိသူအား စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကိုချမှတ်နိုင်သည်ဟု ယင်းဥပဒေအရ သိ ရသည်။

ဗဟိုအဖွဲ့နှင့် အဆိုပါကြီးကြပ်ရေးကော်မတီမှ သတိပေးခြင်း၊ သတ်မှတ်ထားသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်သတ်ဖြင့် ရပ်ဆိုင်းခြင်း၊ လိုင်စင်ကိုပယ်ဖျက်ခြင်းတို့ဆောင် ရွက်နိုင်သည်။

တင့်လွင်

Leave a Reply