ဆေးလိပ်နှင့်ကျန်းမာရေးအန္တရာယ်

“ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်”ဟူသော စကားစုသည် နေရာတိုင်းတွင်တွေ့ရသည်။ သို့သော်လူဦးရေ၏၇၀ရာခိုင်နှုန်း သည်ဆေးလိပ်ကိုတရှိုက်ရှိုက်မက်မက်သောက်သုံးနေကြသည်။ ဆေးရွက်ကြီး၊ ကာဗွန်မိုနော့ဆိုဒ်၊ နီကိုတင်းနှင့်အခြားသောဘေးဖြစ်စေသောဓာတုပစ္စည်းများစွာပါဝင်သောဆေးလိပ်သည် ကျန်းမာရေးကိုအလွန်ထိခိုက်စေသည်။

ခန္ဓာကိုယ်သည် ဆဲလ်ပေါင်းမြောက်မြားစွာဖြင့်ဖွဲ့စည်းထားသောသက်ရှိအစုအဖွဲ့ဖြစ်သည်။ ခန္ဓာကိုယ်ရှိအသေးဆုံးသောအက်တမ်မော်လီကျူးများသည်ပင် သက်ရှိအစုအဖွဲ့ဖြစ်သည်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးနေသောအရာများတွင် ဇီဝကမ္မဖြစ်စဉ်သည် လိုအပ်သောပစ္စည်းအာဟာရများကိုသွေးများမှတစ်ဆင့်ရယူသည်။ ထိုအခါတွင်ဆေးလိပ်တွင်ပါသောပစ္စည်းများနှင့်ဓာတုပစ္စည်းများသည် ဇီဝကမ္မဖြစ်စဉ်ကိုကမောက်ကမဖြစ်စေသည်။ ထိုဖြစ်စဉ်မှကြီးထွားလာသောဆဲလ်အပေါင်းအစုသည်မူမမှန်ကြီးထွားလာရာတွင် ကင်ဆာကဲ့သို့သောရောဂါများကိုဖြစ်စေတော့သည်။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုအလွန်ဒုက္ခပေးသည်။ ရောဂါများအားလုံး၏ ရောဂါဖြစ်စေသောအကြောင်းအရာများတွင်ဆေးလိပ်ပါဝင်သည်။ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အသက်သေဆုံးသည်အထိဆေးလိပ်သည်ပါဝင်နေသည်။ အိမ်သားတစ်ဦးတစ်ယောက်သို့မဟုတ် မိမိပတ်ဝန်းကျင်အနီးအနားတွင်ဆေးလိပ်ကိုအလွန်အကျွံသောက်သုံးနေသူတစ်ယောက်ရှိလျှင် ထိုမိသားစုသည် ကျန်းမာရေးချူချာတော့သည်။

ကိုယ်ဝန်ဆောင်မိခင်များဆေးလိပ်သောက်သုံးလျှင်သို့မဟုတ်ဆေးလိပ်ငွေ့ရှူမိလျှင် နေ့မစေ့လမစေ့ကလေးမွေးခြင်း၊ အင်္ဂါမစုံမလင်မွေးခြင်းနှင့် ကလေးအသေမွေးခြင်းတို့ဖြစ်တတ်သည်။ ထိုမိခင်များမှမွေးသော ကလေးများသည် မွေးရာပါအဆုတ်နှင့်နှလုံးရောဂါများဖြစ်တတ်သည်။ ဉာဏ်ရည်မမီသောကလေးများဖြစ်တတ်သည်။ ထိုပြင်ဆေးလိပ်ငွေ့ကိုရှူရှိုက်ရသောကလေးငယ်များသည် ပန်းနာရင်ကျပ်ကဲ့သို့သောနာတာရှည်အဆုတ်ရောဂါများဖြစ်တတ်သည်။

ဆေးလိပ်သောက်သောလူကြီးများသည်ကင်ဆာဖြစ်နိုင်ခြေများသည်။ ကင်ဆာ၈၀ရာခိုင်နှုန်း ခန့်သည်ဆေးလိပ်တွင်ပါသောဓာတုဗေဒပစ္စည်းများကြောင့်ဖြစ်သည်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့်အခြားသောကင်ဆာများသည် ဆေးလိပ်တွင်ပါဝင်သောနီကိုတင်းနှင့်ဓာတုဗေဒပစ္စည်းများကြောင့်ပိုမိုဆိုးရွားစေသည်။

ဆေးလိပ်သောက်သူများသည် ဦးနှောက်သွေးကြောပိတ်ခြင်းနှင့်လေဖြတ်နိုင်ခြေများသည်။ နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၏ ၇၅ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သောသူများဖြစ်သည်။ ဆေးလိပ်တွင်ပါသော ကာဗွန်မိုနော့ဆိုဒ်သည် သွေးကြောထဲရှိသွေးများကိုပျစ်ခဲစေကာ သွေးကြောများကိုပိတ်စေသည်။

ထိုအခြေအနေများသည် လက်ဖျားခြေဖျားကဲ့သို့သောသွေးကြောအသေးများတွင်ဖြစ်တတ်သည်။ ထိုအခါတွင်ခြေဖျားလက်ဖျားများထုံကျင်အေးစက်၍ နာကျင်သောဝေဒနာကိုခံစားရစေသည်။ ထိုပြင်အာရုံကြောတုံ့ပြန်မှုကိုထိခိုက်စေသောအခါတွင် ဘာကာရောဂါဟုခေါ်သော ဆေးလိပ်ကြောင့်ဖြစ်သော အနာများ(Burger’s Disease) ခြေထောက်တွင်ဖြစ်တတ်သည်။ ထိုအခါတွင်ဆေးလိပ်ကိုစောလျှင်စွာမဖြတ်ပါက ခြေထောက်ဖြတ်ရသောအခြေအနေကိုရောက်ရတတ်သည်။

ဆေးလိပ်သည်ကောင်းကျိုးထက်ဆိုးကျိုးများကိုသာပေးနိုင်သည်။ စိတ်လက်ဖြေခြင်း၊စိတ်အပန်းဖြေခြင်းနှင့်ဆေးလိပ်ကိုလက်ကြားထဲညှပ်၍စတိုင်ကျကျသောက်သုံးခြင်းအတွက် ပေးဆပ်လိုက်ရသောတန်ဖိုးသည်များလွန်းလှသည်။ ဆေးလိပ်သောက်သောသူ၏အဆုတ်သည် ဆေးလိပ်ငွေ့ကြောင့်ကျပ်တိုက်ခံထားသောအဖြစ်တွင်အဆုတ်သည် မဲနက်နေတော့သည်။
ထို့ပြင်ဆေးလိပ်သည်သောက်သုံးသူသာမက ဘေးနားမှအနံ့ရှူရှိုက်မိသူပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရစေသည်။ ထို့ကြောင့်ကျွန်တော်တို့နိုင်ငံအပါအဝင်နိုင်ငံတကာတွင်လည်းဆေးလိပ်ကိုတားမြစ်နေတော့သည်။

ဆေးလိပ်သောက်သုံးခွင့်ပေးသောနေရာများကိုစနစ်တကျသတ်မှတ်ကာ လူနေထူထပ်သောနေရာများတွင် ဆေးလိပ်သောက်ခြင်းကိုတားမြစ်ထားသည်။ ထို့ကြောင့်မိတ်ဆွေများအနေဖြင့်ကောင်းကျိုးထက်ဆိုးကျိုးဖြစ်စေသောဆေးလိပ်ကိုလုံးဝရှောင်ကြဉ်သင့်သည်။ ။

ဒေါက်ဦး(မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.