Advertisements

ကျိုက်ထို၊ ဒီဇင်ဘာလ

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလထိ ကမ္ဘာလှည့်ခရီးသွား ၈၇၉၁၅ ဦး လာရောက်ခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ နိုင်ငံခြားသားဇုန်ဝင်ကြေးကောက်ခံရေးရုံးမှ သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ထိုင်းနိုင်ငံသားများ အများဆုံးလာရောက်ကြပြီး ဗီယက်နမ်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်နှင့် ဂျပန်နိုင်ငံသားများလည်း လာရောက်ခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ နိုင်ငံခြားသားဇုန်ဝင်ကြေးကောက်ခံရေးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာလှည့်ခရီးသွားများကို ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၆၀၀၀ ကောက်ခံခဲ့ရာမှ ယခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှ စ၍ နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ပြောင်းလဲကောက်ခံလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလထိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် လှည့်ပတ်သော ကမ္ဘာလှည့်ခရီးသွားများမှ ကောက်ခံရရှိငွေ ငွေကျပ်သိန်း ၅၃၀၀ ကျော်ကို မွန်ပြည်နယ် ဘဏ္ဍငွေအဖြစ် ရရှိထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ နိုင်ငံခြားသားဇုန်ဝင်ကြေးကောက်ခံရေးရုံး မှတ်တမ်းအရ သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၁၂၅၅၀၀ ဦး လာရောက်ခဲ့ပြီး ၎င်းတို့ထံမှ ကောက်ခံရရှိသော ငွေကျပ် ၇၅၃၀ သိန်း ရရှိခဲ့ကြောင်းသိရသည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply