(ဓါတ်ပုံ အညွှန်း – ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးအား ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမျှော် နေသည်ကို တွေ့ရစဉ်)

ကျိုက်ထို၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရှေ့ဟောင်းယဉ်ကျေးမှုဇုန် တစ်ခုဖြစ်သည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀ ရက်ထိ နိုင်ငံခြားသား ဝင်ရောက်မှုသည် ၈၇၂၁ ဦးရှိကြောင်း နိုင်ငံခြားသား ဝင်ရောက်မှု ကောက်ခံသည့်အဖွဲ့တာဝန်ခံအရာရှိ ဦးစိုးသန်းထံမှ သိရသည်။

Kyike-Htee-Yoo
ကျိုက်ထီးရိုးဘုရားသို့ ပြည်ပနိုင်ငံခြားသား ဝင်ရောက်မှု တစ်ဦးလျှင် ၆၀၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး ၂၀၁၅ ခုနှစ်အတွင်း ပြည်ပနိုင်ငံခြားသား ဝင်ရောက်မှုမှ ငွေကျပ်သိန်း ၆၀၀၀ ကျော်ရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်တင်တင်အေးက ပြောသည်။

“ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ ရှိတာရယ် တစ်ချို့နေရာတွင် မငြိမ်မသက်ဖြစ်တာတွေကြောင့် နိုင်ငံခြားသား ဝင်ရောက်မှုက အရင်နှစ်တွေထက် လျော့နည်းခဲ့တယ်၊ ဒီနှစ်မှာတော့ ရွေးကောက်ပွဲလည်းပြီးပြီ ဆိုတော့ နိုင်ငံခြားသားဝင်ရောက်မှု ပိုများလာမယ်လို့ ထင်တယ်”ဟု မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

၂၀၁၅ ခုနှစ်က ဇန်နဝါရီလအတွင်း နိုင်ငံခြားသား ၁၄၈၈၆ ဦး ဝင်ရောက်ခဲ့ကြောင်း၊ ယခုလိုအချိန်များတွင် အများဆုံး လာရောက်ကြသည့် နိုင်ငံများမှာ အာရှ နိုင်ငံများမှ အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံများမှလည်း ပုံမှန် လာရောက်လည်ပတ်လျက်ရှိကြောင််း ဦးစိုးသန်းက ပြောခဲ့သည်။

Leave a Reply