မော်လမြိုင်မြို့
ဆံတော်ရှင်ကျိုက်သုတ်စေတီတော်
ဆဌမအကြိမ်မြောက်(သီလရှင်ဝတ်စုံ) လှူဒါန်းပွဲ
နှိုး ဆော် စာ

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်တွင် မွန်ပြည်နယ် (၁၀) မြို့နယ်ရှိ မြို့နယ်စာရင်းဝင် သီလရှင်ကျောင်းများသို့ သီလရှင်ဝတ်စုံများ လှူဒါန်းပွဲကို ၁၃၈၁-ခုနှစ်၊ တပို့တွဲလကွယ် ( ၂၂-၂-၂၀၂၀ ) စနေနေ့ ) နံနက်(၈း၃၀)နာရီ အချိန်တွင် ကျိုက်သုတ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အနှိုင်းမဲ့ ဗုဒ္ဓ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဘိက္ခုနီသာသနာ မျိုးဆက်သစ်ပမာ တင်စားအပ်သော သာသနာ့နွယ်ဝင်၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့၏ သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် နှင့် ပရိယတ္တိ ပရိပတ္တိတို့ကို အာရုံပြု၍ သီလရှင်ဝတ်စုံများ လှူဒါန်းပွဲကို ဆံတော်ရှင်ကျိုက်သုတ်စေတီတော် ဂေါပက အဖွဲ့ နှင့် အလှူရှင်များစုပေါင်း လှူဒါန်းကြမည် ဖြစ်ပါသည် ။

ပါရမီရှင် ၊ စေတနာရှင် အပေါင်းတို့
သီလရှင်ဝတ်စုံများကို ထိုက်ထိုက်တန်တန် လှူဒါန်းနိုင်ရန် စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် ။

သီလရှင်ဝတ်စုံတစ်စုံလျှင် ၁ဝဝဝဝိ/- (တစ်သောင်းကျပ်) နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါသည်။ ဆန် ၊ ဆီ များကိုလည်း လှူဒါန်းနိုင်ပါသည် ။

လှူဒါန်းနိုင်သော နေရာများ။ ။ ဆံတော်ရှင်ကျိုက်သုတ်စေတီတော် ဂေါပကရုံး ဝ၅၇-၂၄၆၉ဝ၊ ဥက္ကဋ္ဌ – ၀၉ ၅၃၂၂၇၃၆၊ အတွင်းရေးမှူး – ၀၉ ၄၅၅ ၁၀ဝ၀ ၄၅၊

ဆံတော်ရှင် ကျိုက်သုတ်စေတီတော် ဂေါပကအဖွဲ့

Leave a Reply