Advertisements

မော်လမြိုင်၊ ဇူလိုင်

ပေါင်မြို့နယ်ရှိ  ဇင်းကျိုက်ရေတံခွန်သို့ လာရောက်လည်ပတ်သူများသော အန္တရာယ် ကင်းရှင်းစေရေးအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် စီစီတီဗွီ ကင်မရာများ တပ်ဆင်ထားကြောင်း ပေါင်မြို့နယ်၊ စည်ပင်သာယာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ပြောကြားသည်။

စီစီတီဗွီ ကင်မရာ ရှစ်လုံးကို ရေတံခွန်၏ အန္တရာယ်ရှိသော နေရာများတွင် တပ်ဆင်ထားပြီး၊ လာရောက်လည်ပတ်သူများ၏ သွားလာမှုများကိုလည်း အမြဲ စောင့်ကြည့် လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

 “အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေကို မသွားဖို့အတွက် ပြောနေမှာပါ၊ တောင်ပေါ်နဲ့ ရေတံခွန်နားမှာလည်း မြန်မာနိုင်ငံမီးသတ်အဖွဲ့တွေက အဆင့်သင့်စောင့်ကြည့်နေကြမှာပါ၊ ပူးပေါင်းတွေကို အစည်းအဝေးခေါ်ပြီး ညွှန်ကြားချက်လည်း ပေးထားပါတယ်”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ရေတံခွန် လာရောက်သူများ၏ လုံခြုံများစွာ သွားလာနို်င်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အပါအဝင် ရဲတပ်ဖွဲ့များနှင့် ကျန်မားရေးဌာန၊ အရံမီးသတ်၊ ကြက်ခြေနီ၊ ရပ်မိရပ်ဖတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်း၍ စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားပြီး လူအင်အား၊ ပစ္စည်းအင်အား လုံလုံလောက်လောက်ထားရှိထားသည်ဟု ၎င်းက ပြောသည်။

ဇင်းကျိုက်ရေတံခွန်သို့ ဝါဆိုလပြည့်မတိုင်မီ တစ်ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော်(၁)ရက်နေ့များတွင် လာရောက်လည်ပတ်မှုများပြားကြောင်း ၎င်းက ပြောသည်။

ယခုနှစ်တွင် အဝတ်လဲခန်းနှင့် ရိုးရိုးအိမ်သာ ၈လုံး၊ နိုင်ငံခြားသားများအတွက် သီးသန့် ဘိုထိုင်အိမ်သာ ၂လုံး ဆောက်လုပ်ထားပြီး မီးများတပ်ဆင်ခြင်း၊ ရေတံခွန်ပတ်လည်တွင် ဆလိုက်မီးများ တပ်ဆင်ထားခြင်း၊ အန္တရာယ်ရှိသည့်နေရာများဝန်းကျင်၌ ဆိုင်းဘုတ်များ စိုက်ထူထားခြင်းနှင့် အရေးပေါ်ဖုန်းနံပါတ်များ ပေးထားကြောင်း ဆက်လက်ပြောသည်။

 “အရင်နှစ်တွေနဲ့ စာရင် အများကြီး သန့်ရှင်းမှုရှိတယ်၊ ရဲတွေ၊ မီးသတ်တွေ စောင့်နေတာလည်း ရှိတယ်၊ ဘောကွင်းတွေလည်း ဌားလို့ရတယ်”ဟု တက္ကသိုလ် ကျောင်းသူ မငွေစင်သွေးက ပြောဆိုသည်။

ဇင်းကျိုက်ရေတံခွန်တွင် ၂၀၁၆ က ရေတံခွန်မှ ပြုတ်ကျ၍ လူသေဆုံးမှုများ ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ၂၀၁၇ တွင်မူ သေဆုံးမှု မရှိခဲ့ပေ။

ထိုက်ထိုက်

Advertisements
<

Leave a Reply