ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ဇနီးဖြစ်သူအားဓာတ်ဆီလောင်း၍ မီးရှို့ပြီးထွက်ပြေးတိမ်းရှောင်နေသူ စိုးဝင်း (ခ) ဘာဒူးဘိုင်အားဖမ်းဆီးရမိထားကြောင်းချောင်းဆုံမြို့မရဲစခန်းမှ သိရသည်။

fire wife

ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်ကျေးရွာ၊ ရပ်ကွက် ၉ ၊ အိမ်အမှတ် ၃၂၁ မောင်ဇော်(ခ)ဇော်နိုင်၏ နေအိမ်တွင် လူစိမ်းတစ်ဦးရောက်ရှိနေကြောင်းစုံစမ်းသိရှိ ၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းချောင်းဆုံမြို့မစခန်းမှူး ဒုရဲမှူးလှခိုင်က ပြောသည်။

ယင်းစုံစမ်းသိရှိမှု အရချောင်းဆုံမြိုမရဲစခန်းမှ တာဝန်မှူး ရဲအုပ်ခင်မောင်ဇော်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လှိုင်မင်းသန်းနှင့် အဖွဲ့တို့ က ထွက်ပြေးတိမ်းရှောင်နေသူ စိုးဝင်း (ခ) ဘာဒူးဘိုင် ဆိုသူအားသတင်းရသည့်နေအိမ်မှာပင်တွေ့ရှိရ၍ ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ဒလမြို့၊ ညောင်ကုန်းရပ်ကွက်၊ မေခ ၃ လမ်း ၊ အိမ်အမှတ် ၉၂၄တွင် နေထိုင်သောစိုးဝင်း (ခ) ဘာဒူးဘိုင်သည်ဇူလိုင် ၈ ရက်နေ့ ၁ နာရီအချိန်ခန့်က ဇနီးဖြစ်သူ မဝင်းဝင်းစိုးအား နေအိမ်တွင် ဓာတ်ဆီလောင်း၍ မီးရှို့ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကထပ်လောင်းပြောဆိုသည်။
ဦးစိုးဝင်း (ခ) ဘာဒူးဘိုင် ၏ ညာဘက်ခြေသလုံးတွင် မီးလောင်ဒဏ်ရာရရှိလာသောကြောင့် ချောင်းဆုံပြည်သူ့ဆေးရုံတွင် ဆေးစာဖြင့်ဆေးကုသမှုပေးပြီးရဲစခန်း၌ ချုပ်နှောင်ထားကြောင်းဒုရဲမှူးလှခိုင်ကဆိုသည်။

ယင်းသို့ ဇနီးသည်ကိုဓာတ်ဆီလောင်းမီးရှို့ခဲ့ သူဦးစိုးဝင်းကိုလူသတ်မှု ရာဇသတ်ကြီးပုဒ်မ – ၃၂၆ အရအမှုဖွင့်ထားကြောင်းချောင်းဆုံ မြို့နယ်ရဲစခန်းထံမှသိရှိရသည်။

ယင်းသို့ ဖမ်းဆီးထားမှု ကိုဒလမြို့မရဲစခန်းမှူး ရဲအုပ်သက်နိုင်နှင့် ဆက်သွယ်အကြောင်းကြားပြီးစနစ်တကျလွှဲအပ်ပေးရန် စီစဉ်ထားကြောင်းချောင်းဆုံမြို့မရဲစခန်းမှ သိရသည်။

Leave a Reply