ဇနီးအတွက် မလေးရှားဘုရင် ထီးနန်းစွန့်ဟု ဆို

မလေးရှားဘုရင်အဖြစ် ၂ နှစ်ကြာ စိုးစံခဲ့ပြီးနောက် စူလ်တန်မိုဟာမက်ဗီသည် ထီးနန်းစွန့်တော့မည်ဖြစ်ကြောင်း မလေးရှားနန်းတော်က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

၎င်းသည် မလေးရှား၏ ၁၅ ဆက်မြောက် ဘုရင်ဖြစ်သလို တိုင်းသူပြည်သားအများ၏ လေးစားခြင်းခံရသူလည်း ဖြစ်သည်။ သက်တမ်း ငါးနှစ် မပြည့်သေးမီ နန်းစွန့်ခဲ့ခြင်း အကြောင်းရင်းနှင့် ပတ်သက်၍မူ တစ်စုံတစ်ရာ ဖြေရှင်းချက် မထုတ်ပြန်သေးပေ။ မလေးရှားသမိုင်းတွင် ပထမဆုံး နန်းစွန့်ခဲ့သည့် ဘုရင်ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ၏အသက်အငယ်ဆုံး၊ ၄၉ နှစ်အရွယ် ဘုရင်လည်း ဖြစ်ခဲ့သည်။

၎င်းသည် ဘုရင်အဖြစ်မှ ဆေးခွင့်ယူကာ ၂လကြာနားနေစဉ်ကာလတွင် ရုရှားအလှမယ်ဟောင်းတစ်ယောက်နှင့်လက်ထပ်ပွဲဆင်နွှဲခဲ့သော်လည်း နန်းတော်အနေနှင့်ရော ဘုရင့်ပြန်တမ်းအရပါ တရားဝင်ထုတ်ပြန် မကြေညာခဲ့ပေ။

ဆေးခွင့် ကုန်ဆုံးသွားသည်နောက်တွင် စူလ်တန်ထံမှ ထီးနန်းစွန့်လွှတ်သည့်အကြောင်း ထုတ်ပြန်ချက်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ နန်းစွန့်ရသည့် အကြောင်းရင်းကို ထုတ်ပြန် ကြေညာခြင်း မရှိသေးချေ။

သို့သော်လည်း စူလတန်ဘုရင်၏ ရုရှားဇနီးကြောင့် တော်ဝင်မိသားစုအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းမှာ အကြောင်းရင်း ဖြစ်ဖွယ်ရှိကြောင်း တော်ဝင်မိသားစုနှင့် ပတ်သက်ရင်းနှီးသူများက ထုတ်ဖော်ပြောဆိုသည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.