(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့စက်သုံးဆီ အရောင်းဆိုင်တဆိုင်တွင် စက်သုံးဆီရောင်ချမှုမြင်ကွင်း)

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁

မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်ဆိုင်များတွင် ရောင်းချလျက်ရှိသော စက်သုံးဆီ စျေးနှုန်းများသည် ဇန်နဝါရီနှောင်းပိုင်းမှစတင်၍ စက်သုံးဆီစျေး တဖြည်းဖြည်း ကျဆင်းလာရာ ဖေဖော်ဝါရီ ၁ ရက်နေ့ထိ ၁၅၀ ကျပ် ကျဆင်းသွားကြောင်း ရာဇာမင်းစက်သုံးဆီ အရောင်းဆိုင် (ဆိုင်အမှတ် ၁) မန်နေဂျာ ဦးအေးကိုက ပြောသည်။

“ကျွန်တော်တို့ ဆိုင်တွေကတော့ ရန်ကုန်က ညွှန်ကြားချက်အတိုင်း ရောင်းချပါတယ်၊ တစ်ဆိုင်နဲ့ တစ်ဆိုင် စျေးနှုန်း မတူတာက သူတို့ သယ်ယူတဲ့ စရိတ်နဲ့ သူတို့ ဘယ်ကနေ သယ်ပြီး ရောင်းတာလဲဆိုတာ မသိဘူး၊ စျေးများတာကလည်း သူတို့သယ်ယူ စရိတ်များသွားလို့လည်း ဖြစ်နိုင်တယ်၊ ဒီကယူပြီး ရောင်းတဲ့သူတွေလည်း ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ လွန်ခဲ့သည့် ဇန်နာဝါရီလ ၁၈ ရက်နေ့တွင် စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသောကုမ္ပဏီများကို စျေးနှုန်းတပြေးတည်းဖြစ်စေဖို့ ညှိနှိုင်း အကြောင်းကြားစာ ပေးပို့ပြီးနောက်ပိုင်း ယခုကဲ့သို့ စက်သုံးဆီစျေးနှုန်း ကျဆင်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ဆိပ်ကမ်းရောက် ဆီအရင်းစျေးနှုန်းများနှင့် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော လက်လီစျေးနှုန်းများစွာ ကွာဟမှုမရှိစေရန် အများပြည်သူများ ဝယ်သူသုံးစွဲမှု အဆင်ပြေစေရေးအတွက် ကုမ္ပဏီများကို ယခုကဲ့သို့ အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) ထံမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့စက်သုံးဆီ အရောင်းဆိုင်တဆိုင်တွင် စက်သုံးဆီရောင်ချမှုမြင်ကွင်း)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့စက်သုံးဆီ အရောင်းဆိုင်တဆိုင်တွင် စက်သုံးဆီရောင်ချမှုမြင်ကွင်း)
ယခုကဲ့သို့ ဆီစျေးနှုန်း ကျဆင်းပေးမယ့်လည်း အရောင်းဆိုင် တစ်ဆိုင်နှင့် တစ်ဆိုင် စျေးနှုန်းကွာဟမှုများ ရှိနေကြောင်း၊ သုံးဆွဲသူတွေအတွက် အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။

“အရင်က ကျွန်တော်တို့ဆွဲနေတာ ဆီစျေးက လေးထောင်လောက် ရှိတယ်၊ အခုလည်း အနေအထားက ပုံမှန်စျေးဘဲ သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သုံးဘီးမောင်းတာ ရတဲ့နေ့လည်းရှိသလို၊ မရတဲ့နေ့လည်း ရှိတယ်၊ အဲဒါကြောင့် ပုံမှန်မရှိလို့ ဆီစျေးကျလည်း ကျွန်တော်တို့ ပုံမှန်စျေးအတိုင်းဘဲ ဆွဲနေတာ”ဟု မော်လမြိုင်မြို့တွင် ခရီးသည်တင် သုံးဘီးဆိုင်ကယ် ပြေးဆွဲနေသော မောင်အေးက ပြောသည်။

မော်လမြိုင်မြို့တွင် လက်ရှိရာဇာမင်းစက်သုံးဆီ အရောင်းဆိုင်ဆေးနှုန်းမှာ ရိုးရိုးဒီဇယ်ဆီစျေးနှုန်းမှာ ၅၁၀၊ အဆင့်မြင့်ဒီဇယ် ၅၇၀၊ အောက်တိန်း 92 (Ron) မှာ ၅၇၀၊ အောက်တိန်း 95 (Ron) မှာ ၆၈၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ မော်လမြိုင်မြို့ စက်သုံးဆီ စျေးနှုန်းများမှာ ရန်ကုန် စက်သုံးဆီစျေးနှုန်းနှင့် ၅၀ ကျပ်ခန့် ကွာဟလျှက်ရှိကြောင်း သိရသည်။

Leave a Reply