ဘားအံ အောက်တိုဘာ

လှှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့နယ်ခွဲ နောင်မြလွဲကျေးရွာရှိ ကရင်ဇာတ်သဘင်အဖွဲ့ ဖလုံဆိုဆဟိ (ဖုုံဆိုဒ်ဆု်ဃှီ့) မှ ၁၉ နှစ်အရွယ် ခေါင်းဆောင်မင်းသမီးတစ်ဦး အောက်တိုဘာလ ၅ ရက်ည ပိုင်းတွင် သေနတ်ထိမှန်၍ သေဆုံးသွားခဲ့ရာ ယင်းအမှုတွင် သေနတ်ကိုင်ဆောင်သူ စောသောမကို ကော်သူးလေရာဇဝတ် ဥပဒေ ပုဒ်မ(၁၈၈)အရ ထောင်ဒဏ် ၁နှစ်နှင့် ငွေဒဏ် ကျပ် ၅သိန်း ပြစ်ဒဏ် နှစ်ရပ်စလုံး အောက်တိုဘာလ ၆ ရက်နေ့တွင် ချမှတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ အရေးယူကြောင်းအပြင် KNU/KNLA-PC မှ စည်းကမ်းကြီးကြပ်ရေးကော်မတီကလည်း စောသောမကို ထပ်မံအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း လူသတ်မှု ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ထားကြောင်း၊ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ တရားခံကို ဆက်သွယ်ခေါ်ယူဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက အောက်တိုဘာ ၁၂ ရက်တွင် ဟင်္သာသို့ ပြောကြားသည်။

သေဆုံးသူမှာ ယင်းကျေးရွာနေ နန်းမူးညာဟိဖြစ်ပြီး ယခုနှစ်မှ ခေါင်းဆောင်မင်းသမီးအဖြစ် ပွဲဦးထွက်မည့် ကရင်ဇာတ်သမတစ်ဦးလည်း ဖြစ်ကြောင်း၊ သေနတ်ကိုင်သူမှာ KNU/KNLA-PC မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

အထက်ပါထုတ်ပြန်ချက်တွင် “နန်းမူးညာဟိသည် တရားခံ စောသောမ၏ ပေါ့လျော့မှုကြောင့် သေနတ်မောင်းတင်ရာတွင် သတိလစ်ပြီးသေနတ်ဖောက်ထွက်ရာတွင် နန်းမူးညာဟိ၏ ဘယ်ဖက်လက်ပြင်ကို ထိမှန်ပြီး ရင်အုံတွင် ထုတ်ချင်းပေါက် ထိမှန်သွားသည်။ တရားခံ စောသောမသည် မိမိဇာတ်အဖွဲ့မှ
ဖြစ်စဉ်မှာ အခင်းဖြစ်ပွားသည့် ညက ၎င်းဇာတ်အတွင်း ဇာတ်ဆောင်မင်းသမီးနှစ်ဦးနှင့် ယောက်ျားတစ်ဦးအပေါ် စုန်းပယောဂပူးသောကြောင့် စောသောမက စုန်း ထွက်ပြေးရန် သေနတ် မောင်းတင်ပစ်ဖေါက်ရာ ပေ ၁၇၀ အကွာအဝေးရှိ နန်းမူးညာဟိကို မတော်တဆ ထိမှန်ခြင်း ဖြစ်သည်”ဟု ဖော်ပြထားသည်။

သေဆုံးသူ၏မိခင် ဒေါ်နောင့်ဒါးကို ကြည့်ရှုစောင့်ရှောက်ရန်အတွက်ငွေ ကျပ်သိန်း၁၃၀ ကို ပေးအပ်မည် ဖြစ်ကြောင်း၊ ၎င်း ထောက်ပံ့ကြေးကိုလည်း နန်းမူးညာဟိ၏ မိဘများက သဘောတူကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စောအယ်လ်ဒီး

Leave a Reply