Advertisements

မော်လမြိုင်၊ ဇန်နဝါရီ ၂၅

ကျိူက်ထိုမြို့၊ ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်းရှိ မိုင်တိုင်အမှတ် (၁၀၂/ ၃) နှင့် (၁၀၂/ ၄) အကြားတွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၄ နာရီခန့်က ဇာတ်ပွဲကားတစ်စီး ကားဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူ လူ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

ယာဉ်တိမ်းမှောက်နှင့် ပတ်သက်၍ သွားရောက်စစ်ဆေးခဲ့ရာ သိမ်ဇရပ်ကျေးရွာဘက်မှ ကျိုက်ထိုမြို့အတွင်းဘက်သို့ မောင်းနှင်လာသည့် “လမင်းတစ်ရာ” လူငယ်စံပြသဘင်ဇာတ်အဖွဲ့သား ၁၀ ဦးခန့်နှင့် ဇာတ်သဘင်ပစ္စည်းများ တင်ဆောင်လာသော ၆ ဘီးကုန်တင်ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုကျတိမ်းမှောက်နေပြီး ၎င်းယာဉ်မောင်းနှင်သူမှာ မော်လမြိုင်မြိုကနေ ရှိုင်းကိုကိုလတ် (၂၇ နှစ်) ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၁၀ ဦးခန့်အနက် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၌ နေထိုင်ကြသည့် လင်းထက်ပိုင်း (၁၉ နှစ်)နှင့် မောင်လွင်ဖြိုး (၂၁ နှစ်)၊ ငန်းတေးရပ်ကွက်နေ ထက်နိုင်ဝင်း (၁၇ နှစ်) နှင့် တနင်္သာရီတိုင်းဒေသြီကီး၊ ထားဝယ်မြို့နေသူ အာကာ (၂၂ နှစ်) တို့ ၄ ဦးမှာ ကိုယ်ခန္ဓာအတွင်း ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင်ဒဏ်များ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဆေးကုသမှုများ ခံယူခဲ့ရကြောင်း ရဲစစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

“ယာဉ်မတော်တဆဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဇာတ်သဘင်လုပ်သားတွေအတွက် ငွေကြေးပိုင်ဆိုင်ရာတွေကို ကျွန်တော်တို့ ဇာတ်သဘင်အဖွဲ့သားတွေ စုပေါင်းပြီး ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးထားပါတယ်” ဟု မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယာဉ်ပေါ်လိုက်ပါစီးနင်းခဲ့သူများ ထိခိုက်ဒဏ်ရာရရှိစေအောင် ယာဉ်ကို မဆင်မခြင်မောင်းနှင်ခဲ့သော ယာဉ်မောင်း ရှိုင်းကိုကိုလတ်ကို ကျိုက်ထိုမြို့မရဲစခန်းမှ ယာဉ် (ပ) ၄/ ၂၀၁၉၊ ၂၀၁၅ ခုနှစ်၊ မော်တော်အက်ဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇ အရ အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်ထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

မွန်ပြည်နယ်တွင် မြန်မာဇာတ်ပွဲ ၃၅ ဇာတ်နှင့် မွန်ဇာတ်ပွဲ ၉ ဇာတ် စုစုပေါင်း ၄၄ ဇာတ်ဖြင့် အနယ်နယ်အရပ်ရပ်သို့ လိုက်လံကပြဖျော်ဖြေလျက်ရှိကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံထံမှ သိရသည်။

ခေတ်မင်း

Advertisements
<

Leave a Reply