မော်လမြိုင်၊ မတ် ၂၀ ။ ။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို ဆက်သွယ်ထားသော ဇာသပြင်ကြိုးတံတားတွင် ကြိုးချို့ယွင်းမှုကို ပြန်လည်ပြင်ဆင်ခဲ့ရသောကြောင့် ကုန်တင်ယာဉ်များဖြတ်သန်းခွင့်ကို ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း အဆိုပါ တံတားတာဝန်ခံ ဦးမြင့်ထွေးနိုင်က ဟင်္သာ မီဒီယာသို့ပြောကြားသည်။

ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို မတ်လ ၁၉ ရက်နေ့ ညနေ ၅နာရီတွင် ခေတ္တခဏ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီတွင် ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကာ တံတားကြိုးပြတ်သွားသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ၎င်းက ရှင်းပြသည်။

“ကြိုးပြတ်သွားတာ မဟုတ်ဘူး။ တံတား ဘေးထိန်းကြိုးလျော့သွားတယ်။ ကြိုးလျော့တယ်ဆိုတာက ကားသွားနေတာ တံတားခါလာရင် ကြိုးလျော့တယ်။ ကြိုးလျော့တာကို ကျွန်တော်တို့ ဆွဲတင်တာပဲရှိတယ်” ဟု ဇာသပြင်တံတားတာဝန်ခံ ဦးမြင့်ထွေးနိုင်က ဆိုသည်။
Zardptyin
ထိုသို့ ပြင်ဆင်နေစဉ်ကာလအတွင်း မော်တော်ယာဉ်ငယ်များ ဖြတ်သန်းခြင်းကို ခွင့်ပြုခဲ့ပြီး ခြောက်ဘီးယာဉ်များ ဖြတ်သန်းသွားလာခွင့်ကိုသာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Leave a Reply