ထားဝယ် ဧပြီ

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျွန်းအုပ်စု ၄ခုတွင် ဇီဝဇိုးငှက်သိုက် စုသိမ်းရာသီ ၃ နှစ်အတွက် ငှက်သိုက် စုသိမ်း ထုတ်ယူခွင့်လုပ်ငန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ကျပ် သိန်း၄၃၈၉၁  ဖြင့် အိတ်ဖွင့်တင်ဒါ အောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“လေးယောက်က လပ်ပုံ ၄ခုကို ဝင်ပြိုင်တယ်၊ လပ်ပုံ ၄ ခုလုံးမှာ အများဆုံး ပေးတဲ့သူ တင်ဒါ အောင်တယ်”ဟု တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောသည်။

ယင်းလုပ်ငန်းအတွက် ဖေဖေါ်ဝါရီ ၂၁ရက်တွင် ဈေးပြိုင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊  Graṅd Aṅdamaṅ Islaṅd ကုမ္ပဏီ၊ Thaṅ Phyo Thu Miṅiṅgကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ပတ္တမြားရောင်ခြည်တို့က တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ရာ ဈေးနှုန်းအမြင့်ဆုံးပေးသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ရရှိကြောင်း၊ ဧပြီပထမအ ပတ်က ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ပေးခဲ့ကြောင်း

ဇီဝဇိုးငှက်သိုက်များ တစ်ဦးတည်း စုသိမ်းခွင့်ကို လပ်ပုံ(၁) ဖြစ်သည့် လောင်းလုံးမြို့နယ်၊မော်စကိုအုပ်စုအားကျပ်၂၅ သိန်း၊လပ်ပုံ(၂)ဖြစ်သည့် ကျွန်းစုမြို့နယ်၊ ရေအေးကျွန်း အုပ်စုအားကျပ် ၅၄သိန်း၊လပ်ပုံ(၃)ဖြစ်သည့်ကော့ေသာင်း မြို့နယ်၊ ကဆိုင်းလှနှင့်ကော့ငါးကျွန်းအုပ်စုအားကျပ် ၁၈၈၁၀ သိန်းနှင့် လပ်ပုံ(၄)ဖြစ်သည့် ပုလောမြို့နယ်၊ မလိ ကျွန်းအုပ်စုအား ကျပ်၂၅၀၀၂သိန်းဖြင့် ဦးပိုင်မှ တင်ဒါ အောင်မြင်ခဲ့သည်ဟု သိရသည်။

တင်ဒါအောင် ကုမ္ပဏီမှာ ၂၀၁၈- ၂၀၁၉  ငှက်သိုက်စုသိမ်းရာသီမှ ၂၀၂၀-၂၀၂၁ ရာသီ အထိ ၃နှစ်တာအတွက် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

ယင်းလုပ်ငန်းကို ယခင်က ၁နှစ်တစ်ကြိမ်သာ ခွင့်ပြုခဲ့သော်လည်း ယင်းသို့ဆိုလျှင် ကျွန်းများတွင် ထိန်းသိမ်းပြုပြင်မှု အားနည်းခဲ့ခြင်းကြောင့် ယခုနှစ်မှ စတင်၍ ထိန်းသိမ်းပြုပြင်မှု လုပ်ဆောင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ၃နှစ်စာ ခွင့်ပြုပေးခဲ့ကြောင်း ဝန်ကြီးဦးလှထွေးက ပြောသည်။

တင်ဒါယှဉ်ပြိုင်ရာမှရရှိသည့် ဘဏ္ဍာငွေကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေအဖြစ် ရရှိမည် ဖြစ်ပြီး အဆိုပါလုပ်ငန်းမှာ တိုင်းဒေသကြီးအတွက် ဝင်ငွေ အများဆုံးရှာဖွေပေးသည့်လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

၂၀၁၃-၂၀၁၄ခုဘဏ္ဍာရေးနှစ်နှင့် ၂၀၁၄-၂၀၁၅ခုဘဏ္ဍာ ရေးနှစ်ကလည်း အဆိုပါကျွန်းအုပ်စု ၄ခုတွင် ယင်းလုပ်ငန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကပင် တင်ဒါအောင်မြင်ခဲ့သည်။

၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်ကမူ ယင်းလုပ်ငန်းအတွက် လောင်းလုံးမြို့နယ်၊မော်စကိုကွျန်းအုပ်စု၊ကျွန်း စုမြို့နယ်၊ရေအေးကျွန်းအုပ်စုနှင့်ပုလောမြို့နယ်၊မလိကျွန်းအုပ်စုတို့ကို ငွေပင်လယ်မွေးမြူရေးနှင့်ရေလုပ်ငန်းကုမ္ပဏီ တင်ဒါအောင်မြင်ခဲ့သည်။ ကော့သောင်းမြို့နယ်၊ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စုကို Grand Admin ကုမ္ပဏီမှ တင်ဒါ အောင်မြင်ခဲ့သည်။

တင့်လွင်

Leave a Reply